MPT ဖုန်းခေါ်ဆိုခများ ၂၃ကျပ်သို့ လျော့ချ

2015-07-15 18:59 မဇ္ဈိမနေ့စဉ်သတင်းစာ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းMPT၏ဖုန်းခေါ်ဆိုခနှုန်းထားများကို ဇူလိုင်၈ရက်၀၀:၀၀:၀၁နာရီမှစ၍ ၂၃   ကျပ်ဖြင့် ခေါ်ဆိုနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေးက ယနေ့ထုတ်ပြန်လိုက်သည်။

ဆွေသဟာအစီအစဉ်ဖြင့် ခေါ်ဆိုခသည် မူလ ၃၅ကျပ်ဖြစ်ပြီး ဇူလိုင်လ၈ရက်တွင်မူ ၂၃ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ် သည်။ ယင်းအပြင် ယခင်တစ်မိနစ် ၅၀ကျပ်ဖြင့်သုံးစွဲနေသည့် CDMA450/800ဖုန်းများလည်း အကျုံးဝင်မည်ဖြစ်သည်ဟု ထုတ်ပြန် ထားသည်။

CDMA450/800ကိုသုံးစွဲသူများအတွက်လည်း ဖုန်းခေါ်ဆိုခ ယခင်တစ်မိနစ်လျှင် ၅၀ကျပ်မှ ယခုတစ်မိနစ်   ၂၃ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းMPTက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းအပြင် ဈေးနှုန်းသစ်သတ်မှတ်သည့်အထိမ်းအမှတ်အဖြစ် ဇူလိုင် ၅ရက်မှ ၇ရက်အတွင်း MPTဖုန်းငွေ ဖြည့်ကတ်ဖြည့်သူများ အတွက် အပိုဆောင်းငွေ ၅၀ရာခိုင်နှုန်းအထိ ထပ်ဆောင်းပေးမည် ဖြစ်သည်။   ယင်းအပို ဆောင်းငွေကို ဇူလိုင်၃၁ရက်မတိုင်မှ MPဖုန်းအချင်းချင်းခေါ်ဆိုမှုနှင့်အင်တာနက်ပါအသုံးပြုနိုင် မည်ဖြစ်သည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်