ရန်ကုန်တွင် အခမဲ့ဖျော်ဖြေပွဲတွေ ရှိတဲ့နေရာ

2015-07-15 16:22 ၇ရက်နေ့စဉ်သတင်းစာ

အားလပ်ရက်မှာ အပန်းဖြေဥယျာဉ်တွေသွားပြီး အပန်းဖြေလိုသူတွေအတွက် အခမဲ့ဖျော်ဖြေရေးအစီအစဉ် တွေရှိတဲ့နေရာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ကန်တော်ကြီးကရ၀ိက်ဥယျာဉ်ကမ္ဘာMiniZooမှာ ညနေတိုင်း ပြုလုပ်နေကျ HollowShowကို စနေ၊ တနင်္ဂနွေနှစ်ရက်စလုံးမှာလည်း တင်ဆက်ပေးမှာဖြစ်ပါတယ်။ကလေးကစားကွင်းနားမှာလည်းစနေ၊ တနင်္ဂနွေနှစ်ရက်စလုံးညနေ၆နာရီခွဲကနေ၇နာရီခွဲအထိ ကလေးများ အကြိုက်ဇာတ်ကားတွေ အခမဲ့ ပြသပေးမှာဖြစ်ပါတယ်။

ပြည်သူ့ဥယျာဉ်မှာတော့ ညနေတိုင်း တင်ဆက်ပေးနေတဲ့ရေပန်း ရုပ်ရှင်ကိုပြသပေးမှာဖြစ်ပြီး စနေနေ့ညနေ မှာ တော့ရေပန်းရုပ်ရှင်နဲ့ အတူ မြန်မာ့ရိုးရာအကကို ပါတင်ဆက်ပေးမှာဖြစ်ပါတယ်။

ကန်တော်မင်္ဂလာပန်းခြံ HappyWorld ကလေးကစားကွင်းမှာတော့ စနေ၊တနင်္ဂနွေအားလပ်ရက်တွေမှာ မျက်လှည့်တင်ဆက်မှုတွေ၊ အကအဖွဲ့တွေရဲ့တင်ဆက်မှုတွေကို နံနက် ၁၁နာရီကနေစပြီးအခမဲ့ ဖျော်ဖြေပေးမှာဖြစ်ပါတယ်။

အပန်းဖြေဥယျာဉ်တွေကို မသွားဘဲဈေးဝယ်စင်တာတွေကို သွား လိုသူတွေအတွက် ပရိုမိုးရှင်းပွဲလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Junction Square ရဲ့Aqua Hallမှာတော့ စနေနေ့မှာ Nivea အလှ ကုန်အထူးဈေးရောင်းပွဲပြုလုပ်မှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ထိုင်းအစားအသောက်တွေတင်သွင်းဖြန့်ချိတဲ့ Siam Lang Chang ကုမ္ပဏီရဲ့ ပရိုမိုးရှင်းပွဲပြုလုပ်မှာဖြစ်ပါတယ်။ Marine Hall မှာတော့ စနေ၊တနင်္ဂနွေနှစ်ရက်စလုံး မိုဘိုင်း အက်ပလီကေးရှင်း LINE ရဲ့ပရိုမိုးရှင်းပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်