ယူနန်ပြည်နယ် ၂၀၁၈ခုနှစ် လူထု အားကစား နှစ်သစ်ကူး ကာနီဗယ်ပွဲတော်ကို ဇန်နဝါရီလ ၂၇ရက်နေ့တွင် ကျင်းပ

2018-01-19 17:32 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “ယူနန်ပြည်နယ် ၂၀၁၈ခုနှစ် လူထု အားကစား နှစ်သစ်ကူး ကာနီဗယ်ပွဲတော်” ကို ဇန်နဝါရီလ ၂၇ရက်နေ့မှ ဖေဖော်ဝါရီလ ၁၁ရက်နေ့အထိ ကူမင်းတီန်းချီ နိုင်ငံတကာ ပြသရေး စင်တာ၌ ကျင်းပမည်၊ မြို့သူမြို့သားများသည် ဘီးစကိတ်စီးခြင်း၊ ကျောက်တောင်တက်ခြင်း၊ လေးပစ်ခြင်း စသော အားကစား လှုပ်ရှားမှု အမျိုး(၃၀)ကျော်ကို အခမဲ့ လက်တွေ့ခံစားနိုင်၍ နည်းပြဆရာ၏ သင်ပြခြင်းကို အခမဲ့ ခံစားနိုင်မည်။

ဤအကြိမ် လှုပ်ရှားမှုသည် ယူနန်ပြည်နယ် အားကစားဦးစီးဌာနသည် ပထမအကြီမ် ကျင်းပသော ပြည်နယ်အဆင့် ပြည်သူတစ်ရပ်လုံး ကျန်းမာရေးလေ့ကျင့်မှု အားဖြင့် နှစ်သစ်ကူးပွဲတော် ကြိုဆိုခြင်း လှုပ်ရှားမှုကို ဖြစ်ပါသည်၊ မြို့သူမြို့သားစလုံး အတွက် ဘီးစကိတ်စီးခြင်း၊ ကျောက်တောင်တက်ခြင်း၊ လေးပစ်ခြင်း စသော အားကစား လှုပ်ရှားမှု အမျိုး(၃၀)ကျော်ကို အခမဲ့ လက်တွေ့ခံစားနိုင်၍ နည်းပြဆရာ၏ သင်ပြခြင်းကို အခမဲ့ ခံစားနိုင်မည်။ တိုက်တွမ်တို၊ ကြက်တောင်၊ ဘီးစကိတ်စီးခြင်း၊ ကိုယ်ကာယအလှအားကစား စသော အားကစားလှုပ်ရှားမှု အမျိုး(၃၀)ကျော်ကို အခမဲ့ ဖွင့်လှစ်၍ ပြသခြင်း၊ သင်ပြခြင်း၊ တင်ဆက်ပြသခြင်း၊ လက်တွေ့လက်ခံခြင်း၊ ယှဉ်ပြိုင်ခြင်း စသောနည်းလမ်းဖြင့် ကျင်းပမည်။ ကျောက်တောင်တက်ခြင်း၊ လေးပစ်ခြင်း စသော ပါဝင်လူနည်းသည့် လှုပ်ရှားမှုကိုလည်း ကျင်းပမည်။ ထို့ပြင်၊ စည်းရုံးရေးကော်မတီသည် ပြည်နယ်အဆင့် အားကစားအသင်း (၁၀)ခုကျော်နှင့် အားကစားကလပ်၊ လုပ်ငန်းများကို စည်းရုံးပြီး ပါဝင်လာပါသည်။

ကူမင်း နိုင်ငံတကာပြသရေးစင်တာ၊ တီန်းချီ နိုင်ငံတကာပြသရေးစင်တာ တို့တွင် “၁၂ကြိမ်မြောက် ကူမင်း နှစ်သစ်ကူးပွဲတော် ကုန်ဝယ်ခြင်း ပြပွဲ”ကိုလည်း တစ်ချိန်းတည်း ကျင်းပ၍ အစားအစာ၊ နှစ်သစ်ကူးကုန်ပစ္စည်း အမျိုးမျိုးအစုံစုံ ရှိပါသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်