ပထမအသုတ် “ယူနန်ပြည်နယ် ထူးခြားချက်ရှိ တိုင်းရင်းသားကျေးရွာ” စာရင်းကို ထုတ်ဖော်၊ ကူမင်းမြို့တွင် (၆)ခုရှိ

2018-01-16 09:20 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) အခုတလော၊ ယူနန်ပြည်နယ် ကျေးရွာ အခု(၁၄၀)သည် ပထမအကြိမ် ပထမအသုတ် “ယူနန်ပြည်နယ် ထူးခြားချက်ရှိ တိုင်းရင်းသား ကျေးရွာ”အဖြစ် အမည်တပ်ပေး၍ ကူမင်းမြို့တွင် (၆)ခု ရှိပါသည်။

မြို့ပြအဆင့် ထောက်ခံခြင်း၊ ပါရဂူ ဆွေးနွေးစစ်ဆေးခြင်း၊ ထုတ်ပြန်ကြေညာချက် စသော အစီအစဉ် အားဖြင့် ကူမင်းမြို့ စီလင်ခရိုင် ချင်းဆွေထန်ကျေးရွာ၊ ကျင့်နင်နယ်မြေ ရှောင်စီဘန်ဟယ်ကျေးရွာ၊ တုံးချွန်းနယ်မြေ လီဇီးကွပ်ကျေးရွာ၊ စုံမင်ခရိုင် သဝမ်းကျေးရွာ၊ ဖန်လွန်နယ်မြေ ရှောင်ခွန်းစမ်းကျေးရွာ၊ တုံးချွန်းနယ်မြေ ချီကာကျေးရွာ (၆)ခုသည် “ယူနန်ပြည်နယ် ထူးခြားချက်ရှိ တိုင်းရင်းသား ကျေးရွာ”အဖြစ် အမည်တပ်ပေး ခဲ့ပါသည်။ ယူနန်ပြည်နယ်က ထူးခြားသောတိုင်းရင်းသားကျေးရွာ ဟုခေါ်ဝေါ်ပါသည်။

ဤကျေးရွာ အများကြီးသည် အမျိုးသား နေအိမ်၏ ဝီသေသလက္ခဏာ ထူးချွန်သော၊ လုပ်ငန်း ကျားကန်မှု အားကောင်းသော၊ အမျိုးသား ယဉ်ကျေးမှု ထူထပ်ပြွတ်သိပ်သော၊

လူမှု နေထိုင်ပတ်ဝန်းကျင် သာယာလှပသော၊ အမျိုးသား အချင်းချင်း ဆက်ဆံရေး ပြေပြစ်သော ထူခြားချက်ရှိ တိုင်းရင်းသား ကျေးရွာများကို ဖြစ်ပါသည်။ ဆိုင်းဘုတ်ချိတ်ပြီး နာမည်တပ်ပေး ခြင်းအားဖြင့် ထူးခြားချက်ရှိ တိုင်းရင်းသား ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး နှင့် ဖွဲ့ဖြိုးတိုးတက်ရေးကို ပိုမို အားဖြည့်ပေးပြီး စံကိုက်၍ ထူးခြားချက်ရှိ တိုင်းရင်းသား ကျေးရွာများ၏ နာမည်ကျော်မှုကို ပိုမို မြှောက်တင်၍ ဆက်တိုက် ဖွဲ့ဖြိုးတိုးတက် နိုင်ရေးကို တိုးမြှင့်ပေးမည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်