၂၀၁၇ခုနှစ် လူကူးကန် ရှုခင်းရပ်ကွက်သို့ လာရောက်လည်ပတ်သော ခရီးသည်သည် အယောက်(၁)သန်း ကျော်လွန်

2018-01-12 16:54 ရောင်စုံတိမ်တံတား

2018010703_res03_attpic_brief

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ၂၀၁၇ခုနှစ် လူကူးကန် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်လာ၍ လိကျန်းမြို့ဘက်မှ ၀င်ရောက်လာသော ခရီးသည်များကို အယောက် (၁)သန်းကျော်ရှိပြီး စုစုပေါင်း အ၀င်လက်မှတ် ၀င်ငွေသည် သန်းပေါင်းတစ်ရာကို ပထမဦးဆုံး ကျော်လွန် ခဲ့ပါသည်။

၂၀၁၇ခုနှစ်တွင် လူကူးကန် ထိန်းချုပ်ရေး ကော်မတီသည် ခရီးသွားလာရေး ကုန်စည်ပြပွဲ နှင့် အခြား ရောင်းဝယ်ဖောက်ကားခြင်း လှုပ်ရှားမှုများကို စီစဉ်ပြီး တက်ရောက် ခြင်းအားဖြင့် လူကူးကန်၏ နာမည်ကျော်မှုနှင့် ထိခိုက်မှုကို ပိုမိုတိုးတက် လာပါသည်။ ထို့ပြင် အ၀င်လက်မှတ် ဝယ်ယူရေးစနစ်ကို ပိုမို ပြည့်စုံကောင်းမွန်၍ လူကူးကန်သို့ ဝင်ရောက်ရန် ပိုမို လွယ်ကူ စေခဲ့ပါသည်။ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလတွင် အ၀င်လက်မှတ် ရောင်းချခြင်း နှင့် စစ်ဆေးခြင်းကို ခွဲပြီးနောက် အောက်တိုဘာလတွင် လိကျန်းမြို့၌ မိုပိုင်းဖုန်း Wechat နှင့် စက်ကိရိယာဖြင့် အဝင်လက်မှတ် ဝယ်ယူခြင်း နည်းလမ်းများကို ပထမဦးဆုံး ဆောင်ရွက် ခဲ့ပါသည်။

၂၀၁၇ခုနှစ် ဒီဇင်ဘာ(၂၆)ရက်နေ့အထိ၊ လိကျန်းမြို့ဘက်မှ အ၀င်လက်မှတ် ဝယ်ယူပြီး လူကူးကန် ရှုခင်းရက်ကွက်သို့ ၀င်ရောက်သော ခရီးသည်များသည် အယောက် (၁၀၅)သောင်း ရှိပြီး ၂၀၁၆ခုနှစ်ထက် ၁၆၄.၄၉% တိုးပွားလာ၍ အ၀င်လက်မှတ်ဝင်ငွေ သည်လည်း အယွမ်(၁၀၀.၅)သန်း ရရှိပြီး ၂၀၁၆ခုနှစ်ထက် ၁၆၀.၉၆% တိုးပွားလာပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်