(၁၈)မီတာ မြင့်သော ရာဘာဘဲကြီးကို ၁၂လပိုင်း ၂၉ရက်နေ့တွင် ကူမင်း ကူတီန်းမင်ချမ် စိုစွတ်မြေ ဥယျာဉ်၌ စတင်ပြသ

2017-12-29 18:39 ရောင်စုံတိမ်တံတား

90fba6114c631bab52ba06

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဟောင်ကောင် ဝေတောလစ်ယာ ပင်လယ်ဆိပ်ကမ်းပြသပြီး တရုတ်တစ်ပြည်လုံးတွင် နာမည်ရှိသော (၁၈)မီတာမြင့်သည့် ရာဘာဘဲကြီး(Rubber Duck)ကို ၂၀၁၇ခုနှစ် ၁၂လပိုင်း ဘငရက်နေ့မှ ၂၀၁၈ခုနှစ် ၃လပိုင်း ၂ရက်နေ့အထိ ရှုခင်း သာယာလှပသော ကူမင်း ကူတီန်းမင်ချမ် စိုစွတ်မြေ ဥယျာဉ်၌ ပြသ၍ “ရာဘာဘဲကြီး ကာနီဗယ်ပွဲ” ခေါင်းစဉ်ဖြင့် အချိန် (၆၄)ရက်ကြာ ဆက်လက် ပြသမည်။

ဤအကြိမ်သည် တစ်ကမာလုံးပေါ်တွင် ရာဘာဘဲကြီး ပြသရန် (၃၀)ကြိမ်မြောက် ဖြစ်ယူနန်ပြည်နယ်တွင် များပြားကြွယ်ဝသော အမျိုးသား ယဉ်ကျေးမှု၊ ခရီးသွားလာရေး လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝအခြေအနေ ပြပွဲနှင့် အတူတူကျင်းပ သောကြောင့် လုပ်ငန်းနယ်ပယ်မှပုဂ္ဂုလ် များသည် “တစ်ကမာလုံးပေါ်မှ အလှဆုံးသော အကြိမ်” ဟု ချီးမြှင့် ခေါ်ဝေါ်ခဲ့ပါသည်။

90fba6114c631bab529204

အကြိမ် ပြသသော ရာဘာဘဲကြီး၏ အမြင့်သည် (၁၈)မီတာရှိပြီး (၆)ထပ်ရှိသော တိုက်တာနှင့် တူ အရှည်နှင့် အကျယ် စလုံးသည် (၂၅)မီတာရှိပါသည်။ ပြသရေး အချိန်ကာလသည် တရုတ်နှစ်သစ်ကူးပွဲတော်နေ့ကို ဖုံးလွှမ်းပါမည်။

ရာဘာဘဲကြီး ကာနီဗယ်ပွဲထဲတွင် နှစ်သစ်ကူးကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲ၊ အစားအသောက်၊ ဘုရားပွဲဈေးတန်း စသော တရုတ်နှစ်သစ်ကူးပွဲ၏ အဒြပ်စင်များကို ပါဝင်ပါသည်။ ငလပိုင်း ၃ရက်နေ့မှစ၍ ရာဘာဘဲကြီး တေးဂီသီဆိုပွဲကိုလည်း ကျင်းပမည်။ တနင်္လာနေ့မှ သောကြာနေ့အထိ အဝင်လက်မှတ်ခသည် အယိမ်(၂၀)လိုပြီး စနေတနင်္ဂနွေနေ့၊ ပွဲတော်နေ့နှင့် အလုပ်ပိတ်ရက်တွင် အဝင်လက်မှတ်ခသည် အယိမ်(၃၀) လိုပါသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်