လန်ချာမြစ်-မဲခေါင်ဖြစ် ဖြစ်ဝှမ်းဒေသ နိုင်ငံတော် ယဉ်ကျေးမှုအနုပညာပွဲကို ကျင်ဟုံ၌ ကျင်းပ

2017-12-14 16:52 ရောင်စုံတိမ်တံတား

eca86b6b05bc1b9ab61601

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၇ခုနှစ် လန်ချာမြစ်-မဲခေါင်ဖြစ် ဖြစ်ဝှမ်းဒေသ နိုင်ငံတော် ယဉ်ကျေးမှုအနုပညာပွဲကို ၁၂လပိုင်း ၁၂ရက်နေ့တွင် လန်ချာမြစ်ကမ်းဘေးမှ ကျင်ဟုံ ကောက်ကျွန်း ရှစ်ဆုံကျင်ကွင်းပင်၌ စတင်ကျင်းပ ခဲ့ပါသည်။

ဤအကြိမ် အနုပညာပွဲ၏ “ဥခေါင်းက တောင်ဘက်သို့ ပျံသန်း” ကွင်းဖွင့်အနုပညာ ပဒေသာကပွဲကို ၁၂လပိုင်း ၁၂ရက်နေ့ည၂၀နာရီတွင် ကျင်းပခဲ့ပါသည်။ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဗောဒီးယား၊ ဗီယက်နမ် (၆)နိုင်ငံ မှလာသော အနုပညာရှင်၊ စာပေအနုပညာ နှင့်သက်ဆိုင်သော အလုပ်သူများသည် အတူတူ ကပြဖျော်ဖြေ၍ (၃)ရက်အတွင်း ကောင်းမွန်သော တင်ဆက်ကပြ ခြင်းအားခြင့် လန်ချာမြစ်-မဲခေါင်ဖြစ် ဖြစ်ဝှမ်းဒေသတွင် နိုင်ငံအသီသီးမှ ယဉ်ကျေးမှုအနုပညာ၏ ညှို့နိုင်စွမ်းများကို ပြသရန်၊ ပြည်သူလူထုအကြား ချစ်ကြည်ရေးများကို တိုးမြှင့်စေရန်၊ ပူပေါင်းဆောင်ရွက်ရေး တိုးတက်စေရန်၊ အခွင့်အလမ်း အတူစံစားကြရန်၊ စည်ပင်သာယာရေး အတူဖန်တီးရန် ဖြစ်ပါသည်။

နိုင်ငံအသီးသီးမှ ရိုးရာအဆိုအက တင်ဆက်ပြသခြင်း၊ နိုင်ငံတကာ ဓာတ်ပုံရိုက်ပြိုင်ပွဲနှင့် နိုင်ငံတကာ ပန်းချီပြပွဲတို့ အပြင် ဤအကြိမ် အနုပညာပွဲတွင် နိုင်ငံတကာ မြေထည် အနုပညာပြပွဲ၊ အမျိုးသား အဝတ်တန်းဆာပြပွဲ စသော လှုပ်ရှားမှုများကို သီးခြား စီစဉ်၍ ရည်ရွယ်ချက်သည် နိုင်ငံတကာအဆင့်၊ အမျိုးသား ဝိသေသလက္ခဏာ၊ တီထွင်ဖန်းတီးမှု ရှိပြီး ပြည်သူလူထုကြိုက်သော ယဉ်ကျေးမှု ဖလှယ်ခြင်း ကြီးကျယ်ခန်းနားသော အစည်းအဝေး တစ်ခုကို ကျင်းပသည် ဖြစ်ပါသည်။

ထို့ပြင်၊ လက်ဖက်ယဉ်ကျေးမှု၊ အပူပိုင်းမိုးသစ်တော ယဉ်ကျေးမှု ဖြစ်သော ခေါင်းစဉ်ဖြင့် တီထွင်ဖန်တီးမှုရှိ လက်တွေ့လေ့လာခံစားခြင်း လှုပ်ရှားမှု၊ အရှေ့တောင်အာရှ ရိုးရာဓလေံထုံးစံ ပြပွဲ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုပြပွဲ၊ အနုပညာကုန်စည်ပြပွဲ စသော ထူးခြားချက်ရှိ လှုပ်ရှားမှု (၁၀)ကျော်ကိုလည်း ကျင်းပ၍ လန်ချာမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသ နိုင်ငံများ၏ ရှေးဟောင်းသော ယဉ်ကျေးမှု အကြောင်းစုံ၊ လှပသော သဘာဝရှုခင်း၊ ရောင်စုံသော အမျိုးသား ဓလေ့ထုံးစံ၊ နက်နဲသော အိမ်နီးချင်းနိုင်ငံကြား ချစ်ကြည်ရေး၊ ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာတို့ကို ပြသခဲ့ပါသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်