ကူမင်းမြို့ (၁၁)ကြိမ်မြောက် တိုင်းရင်းသားလူမျိုးစု ရိုးရာ အားကစားပြိုင်ပွဲ ဖွင့်ပွဲကို ကျင်းပ

2017-11-06 11:08 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ကူမင်းမြို့ (၁၁)ကြိမ်မြောက် အမျိုးသား အားကစားပြိုင်ပွဲ ဖွင့်ပွဲကို အောင်တိုဘာ (၂၉)ရက်ညတွင် ယီလျံခရိုင် အားကစားရုံး၌ ကျင်းပ၍ အောင်တိုဘာ (၂၉)ရက်မှ နိုဝင်ဘာ ၄ရက်အတွင်း ကူမင်းမြို့မှ ခရိုင်၊ မြို့ အသီးသီး မှလာသော ကိုယ်စားအဖွဲ့(၁၉)ခု၊ လူ(၁၅၁၆)ယောက်သည် ပြင်းထန်စွာ အားပြိုင်ပြီးနောက် ရွှေတံဆိပ်(၁၀၃)ခုကို ပေါ်ထွက် လာမည်။

ကူမင်းမြို့ (၁၁)ကြိမ်မြောက် တိုင်းရင်းသားလူမျိုးစု ရိုးရာ အားကစားပြိုင်ပွဲကို ကူမင်းမြို့ ပြည်သူ့အစိုးရသည် ဦးစီး ကျင်းပပါသည်။ အားကစားပြိုင်ပွဲသည် ယှဉ်ပြိုင်ခြင်းနှင့် ပြသမှု အရပ်(၂)မျိုးကို စီစဉ်ပါသည်။ ၎င်းအနက်၊ ယှဉ်ပြိုင်ခြင်းသည် ဒန်း၊ နပန်းလုံးခြင်း၊ ၀ူရူးသိုင်းပညာ စသည်တို့ ပါဝင်၍ ပြသမှုသည် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခဏ်း၊ တတ်ကျွမ်းမှုပညာ စသည်တို့ ပါဝင်ပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်