ယူနန်ပြည်နယ် (၁၄)ကြိမ်မြောက် ဇာတ်သစ် တင်ဆက်ပြသပွဲကို နိုဝင်ဘာမှ စတင်ကျင်းပ၊ လက်မှတ်အဖိုးနှုန်း ချိုသာ

2017-11-02 09:02 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ယူနန်တစ်ပြည်နယ်လုံးမှ သီးခြားဇာတ်အဖွဲ့ အသီးသီးသည် တီထွင်သည့် ဇာတ်သစ်(၂၉)ခုကို နိုဝင်ဘာ ၁၁ရက်နေ့မှ နိုဝင်ဘာ ၂၃ရက်နေ့အထိ ကူမင်းမြို့၊ ယိရှီးမြို့နှင့် ချူကျင့်မြို့၌ ပြသ၍ လက်မှတ်အဖိုးနှုန်းသည် ယွမ်း(၂၀)မှ ယွမ်း(၄၀)အထိ လိုပါသည်။

ယူနန်ပြည်နယ် ယဉ်ကျေးမှုရုံးသည် ဤပြသပွဲကို ဦးစီး ကျင်းပပါသည်။ တင်ဆက်ပြသပွဲ ကျင်းပသော အဓိကနေရာသည် ယူနန်ဇာတ်ရုံ၊ ကူမင်းဇာတ်ရုံ၊ ယူနန်အနုပညာတက္ကသိုလ် ဇာတ်ရုံ စသည့် ဇာတ်ရုံ(၈)ခု၌ တည်ရှိ၍ နေရာခွဲ့သည် ယိရှီးမြို့မှ နှေ့အယ်ဇာတ်ရုံ၊ ယိရှီးမြို့မြို့ မီးပဒေသာဇာတ်ရုံနှင့် ချူကျင့် ကျူးကျန်းယွန်ဇာတ်ရုံ၌ တည်ရှိပါသည်။

ယခင်နှင့် နှိုင်းယှဉ်လျှင် ဤအကြိမ်ကို ပါဝင် တင်ဆက်ပြသသော ဇာတ်ဖွဲ့သည် အဖွဲ့(၃၀)ရှိ၍ တင်ဆက်ပြသပွဲသည် (၁၇)ရက် ကြာရှည်ပြီး အကြောင်းအရာသည် ပီကင်းအော်ပရာဇာတ်၊ ယူနန်အော်ပရာဇာတ်၊ အပြောပြဇာတ်၊ အမျိုးသား တေးဂီတသီးဆိုပွဲ စသည်တို့ကို ပါဝင်ပါသည်။

(၁၄)ကြိမ်မြောက် ဇာတ်သစ် တင်ဆက်ပြသပွဲသည် တရုတ်ကွန်မြူနစ်ပါတီ (၁၈)ကြိမ်မြောက် တစ်ပြည်လုံး ကိုယ်စားလှယ် အစည်းအဝေး ကျင်းပပြီးနောက် ယူနန်ပြည်နယ် ဇာတ်စင်အနုပညာ၏ အောင်မြင်ချက်သစ်ကို ပြသ၍ တရုတ်ကွန်မြူနစ်ပါတီ (၁၉)ကြိမ်မြောက် တစ်ပြည်လုံး ကိုယ်စားလှယ် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပ သည့်အတွက် လက်ဆောင်ပဏ္ဏာ ဆက်သပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်