"JUNFA Cup" လုန်ချွေရှေးဟောင်းမြို့နယ် သမိုင်းယဉ်ကျေးမှုဆောင်းပါး ဖိတ်ခေါ်မှုပြိုင်ပွဲ စတင်ကျင်းပ

2017-09-22 15:59 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတားမိုးဦးသဇင်) "JUNFA Cup" လုန်ချွေရှေးဟောင်းမြို့နယ် သမိုင်း ယဉ်ကျေးမှုဆောင်းပါး ဖိတ်ခေါ်မှုပြိုင်ပွဲ ကို စတင်ကျင်းပ၍ ဆောင်းပါးများကို ဒီဇင်ဘာလ ၃၀ ရက်နေ့မတိုင်မီ ပေးပို့နိုင်ပါသည်။ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ထူချွန်ဆုကို အကဲဖြတ်ရွေးချယ်ပြီး ဆုချီးမြှင့်မည် ဖြစ်ပါသည်။

ဤပြိုင်ပွဲကို JUNFA Groupမှ ဦးစီးကျင်ပ၍ Kunming Information Hub CLZGမှ တာဝန် ကျင်းပကာ "လုန်ချွေရှေးဟောင်းမြို့နယ်၏ သမိုင်းယဉ်ကျေးမှု"ခေါင်းစဉ်ဖြင့် တစ်ကမ္ဘာလုံး တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့၏ သမိုးင်းယဉ်ကျေးမှု၊ လူမျိုးဓလေ့ထုံးစံများ၊ လုန်ချွေ ရှေးဟောင်းမြို့နယ်နှင့် နာမည်ကျော်သူ၏နေအိမ်ဟောင်း၊ ပုံပြင်ပါဝင်သည့် လက်ရာများကို ဖိတ်ခေါ်ပါ သည်။

ဤပြိုင်ပွဲကို စိတ်ဝင်စားလျှင် ဝက်ဘ်ဆိုက်(http://bbs.clzg.cn/forum-47-1.html)တွင် လက်ရာကို တင်ပြနိုင်ပါသည်။ ယှဉ်ပြိုင်ရန် လက်ရာများမှာ လက်ရာမူရင်းဖြစ်ကာ၊ အရေးအသားပုံစုံ၊ စာလုံးအရေအတွက် ကန့်သတ်ချက်မရှိ၊ စာလုံးနှင့်ဓာတ်ပုံ သို့မဟုတ် ရေဒီယို၊ အိုဒီယိုပုံစံဖြင့် ပါဝင်နိုင်ပါသည်။

ဆောင်းပါးများ ဖိတ်ခေါ်ပြီးလျှင် ပါရဂူများသည် အကဲဖြတ်ရွေးချယ်မည် ဖြစ်ပြီး Userများ ကိုလည်း ပါဝင်အကဲဖြတ်မည်ဖြစ်ပါသည်။ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ထူချွန်ဆု ကို အကဲဖြတ်ရွေးချယ်ပြီး ဆုလက်မှတ်နှင့် ဆုကြေးကို ချီးမြှင့်မည် ဖြစ်ပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်