ပထမအကြိမ် ကူမင်း လမုန့်ယဉ်ကျေးမှုပွဲကို စက်တင်ဘာလ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပ

2017-09-21 17:13 ရောင်စုံတိမ်တံတား

ZMI_9412

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၇ခုနှစ် လမုန့်ပွဲတော် အစားအစာပြပွဲနှင့် ပထမအကြိမ် ကူမင်း လမုန့်ယဉ်ကျေးမှုပွဲကို စက်တင်ဘာလ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ ကူမင်းနိုင်ငံတကာပြသရေးစင်တာ၌ ကျင်းပမည်။ ယူနန်လမုန့်သည် ယဉ်ကျေးမှုပွဲ၏ အဓိကလမုန့် ဖြစ်၍ ဈေးနှုန်းသည် ၂၀၁၆ခုနှစ်နှင့်အကြား ကွာခြားချက်နည်းပြီး မြို့သူမြို့သားများသည် ဝယ်ရန် အများဆုံးသော လမုန့်လည်း ဖြစ်ပါသည်။

ZMI_9478

ဤလမုန့်ယဉ်ကျေးမှုပွဲသို့ လုပ်ငန်း အခု(၂)ရာကျော်သည် ပါဝင်လာပြီး အစားအစာ အမျိုး(၅)ထောင်ကျော် ပြသ၍ တရုတ်တစ်ပြည်လုံး ပြည်နယ် (ပြည်နယ်ခွဲ)၊ မြို့နှင့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား စသောနိုင်ငံများ၏ လမုန့်၊ အရက်၊ လက်ဖက်ရည်၊ ဖျော်ရည်၊ အသားပစ္စည်း စသည်တို့ကို ပါဝင်ပါသည်။

ZMI_9499

လမုန့်ယဉ်ကျေးမှုပွဲတွင် နယ်ခံလုပ်ငန်းနှင့် ပြည်နယ်ပ လုပ်ငန်းများသည် အတူတူ ပါဝင်တက်ရောက်၍ လမုန့်အမျိုးမျိုးကို ပြသ၍ မြို့သူမြို့သားများသည် ရွေးချယ်ချက် အများကြီး ရှိပါသည်။

ZMI_9437

ZMI_9471

လမုန့်ယဉ်ကျေးမှုပွဲတွင် လမုန့်များကို ဝယ်ရန် ဈေးသည် ပိုမိုသက်သာသည်။ မြို့သူမြို့သားများသည် ရိုးရာ ယူနန် ဝက်ပေါင်ခြောက်လမုန့်ကို အကြိုက်ဆုံး ဖြစ်၍ အထူးသဖြင့် အဖိုး(၅)ယွမ်မှ (၁၀)ယွမ်အတွင်းမှ ဝက်ပေါင်ခြောက် လမုန့်များကို အကြိုက်ဆုံး ခံပါသည်။ ကုန်စည် ပြသသည့်အပြင် ဤအကြိမ် လမုန့်ယဉ်ကျေးမှုပွဲ ကျင်းပရာတွင် လမုန့်ပွဲတော် လက်ဖက်ရည် မည်းကြည့်ပွဲ၊ လမုန့်ပွဲတော် အရက် မည်းကြည့်ပွဲ၊ လမုန့်ပွဲတော် ပြည်သူ့ဓလေ့ ကပြဖျော်ဖြေပွဲ စသည့် လှုပ်ရှားမှုများကိုလည်း ကျင်းပမည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်