၂၀၁၇ခုနှစ် တရုတ်နိုင်ငံတကာ ခရီးသွားလာရေး ကုန်စည်ပြပွဲကို ကူမင်းမြို့၌ နိုဝင်ဘာလတွင် ကျင်းပ

2017-09-21 17:07 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၇ခုနှစ် တရုတ်နိုင်ငံတကာ ခရီးသွားလာရေး ကုန်စည်ပြပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့၌ နိုဝင်ဘာလတွင် ကျင်းပမည် ခန့်မှန်း၍ ကာယဗလဆိုင်ရာ ခရီးသွားလာရေး ပြတိုက်ကို ပထမဦးဆုံး စီစဉ်၍ ပြည်တွင်းပြည်ပ ကာယဗလဆိုင်ရာ ခရီးသွားလာရေး လုပ်ငန်းနှင့် ဆိုက်ရာလုပ်ငန်းများကို ဖိတ်ကြားပြီး ဤပြပွဲသို့ ဝင်ရောက် လာပါသည်။

တရုတ်နိုင်ငံတကာ ခရီးသွားလာရေး ကုန်စည်ပြပွဲသည် ၁၉၉၈ခုနှစ်မှ စတင်ကျင်းပပြီး ၂၀၀၁ခုနှစ်မှစ၍ ရှမ်ဟိုင်းမြို့နှင့် ကူမြင်းမြို့အကြား ကူးပြောင်းကျင်းပ၍ အခု အာရှာတိုက်၌ အကျယ်အဝန် အကြီးဆုံးသော သီးခြားခရီးသွားလာရေးပြပွဲ ဖြစ်ပါသည်။ ဤအကြိမ် ကုနစည်ပြပွဲသည် ကူမင်းနိုင်ငံတကာ ပြသရေးစင်တာ၌ ကျင်းပမည်ဖြစ်၍ ပြပွဲ၏ အကျယ်အဝန်သည် စတုရမ်းမီတာ (၈)သောင်းရှိပြီး သီးခြားကုန်စည်ပြပွဲနှင့် အများပြည်သူအတွက် ဖွင့်လှစ်ကြည့်ရှုနေ့တို့ကို ခွဲခြားစီစဉ်မည်။ ဝင်ရောက်လာသည့် နိုင်ငံနှင့် ဒေသများသည် (၁၀၅)ခုကို ကျော်လွန်ပြီး ပြခန်း အခန်း(၃)ထောင်ရှိ၍ ပြည်ပဝယ်သူများသည် အယာက်(၆)ရာကို ကျော်လွန်ပြီး ပြည်တွင်း ဟောင်ကောင်၊ မကာအိုနှင့် တိုင်ဝမ်ဒေသမှ လာသော ဝယ်သူများကို အယာက်(၃)ရာခန့် ရှိပါသည်။

၂၀၁၇ခုနှစ် တရုတ်နိုင်ငံတကာ ခရီးသွားလာရေး ကုန်စည်ပြပွဲ၏ ကာယဗလဆိုင်ရာ ခရီးသွားလာရေး ပြတိုက်သည် စတုရမ်းမီတာ (၉.၆)ထောင် ကျယ်ဝန်းပြီး ပြခန်းA၊ ပြခန်းB ၊ ပြခန်းC နှင့် ပြခန်းD ပြခန်း(၄)ခန်းကို ခွဲခြား၍ ပြခန်းD သည် ဖိုရမ်ဒေသ ဖြစ်ပါသည်။ ကာယဗလဆိုင်ရာ ခရီးသွားလာရေး လုပ်ငန်းသည် ကာယဗလနှင့် ခရီးသွားလာရေးတို့ကို ပေါင်းစပ်ပြီးနောက် ထူးခြားချက်ရှိ အပန်းဖြေ နေထိုင်မှု နည်းလမ်းတစ်မျိုးကို ဖြစ်လာ၍ ကာယဗလလုပ်ငန်းထဲမှ ဖွဲ့စည်းသော အရေးကြီး အစိုက်ပိုင်းတစ်ခုလည်း ဖြစ်ပါသည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်