ဒုတိယအကြိမ်မြောက် လန်စန်းမြစ်-မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံကုန်စည်ပြပွဲကို ဒီဇင်ဘာလတွင် ကူမင်း၌ ကျင်းပ

2017-09-15 17:08 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မိုးဦးသဇင်) ဒုတိယအကြိမ်မြောက် လန်စန်းမြစ်-မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံကုန်စည်ပြပွဲ ကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကူမင်းတိန်းကန် နိုင်ငံတကာပြသရေးစင်တာ၌ ကျင်းပမည် ဖြစ်၍ လန်စန်းမြစ်-မဲခေါင်မြစ်ဝှမ်း နိုင်ငံများနှင့် တောင်ကိုးရီးယားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ မလေးရှားနိုင်ငံ စသည့်နိုင်ငံများမှ အစိုးရး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး ပါဝင်မည်ဖြစ် ကြောင်း သိရှိရပါသည်။

ဤကုန်စည်ပြပွဲသည် "မြစ်ချောင်းတစ်ချောင်း ရေအတူတူသောက်ကြ၊ ပူးပေါင်းဆောင်ရွက် ကာ အတူတူဖွံ့ဖြိုးတိုးတက်" ခေါင်းစဉ်ဖြင့် ကျင်းပ၍ နိုင်ငံတကာ စံချိန်ပြခန်း (၃၆၀၀)ကို တည်ဆောက်ကာ ဧရိယာ အကျယ်အဝန်း အနည်းဆုံး (၈) သောင်းကီလိုမီတာ သတ်မှတ် ထားပြိး ကုန်စည်ပြသခြင်း၊ ဖွင့်ပွဲအခမ်းအနား နှင့် အာဘော်ဖိုရမ်၊ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ၊ ဖန်တီးမှုဆိုင်ရာလှုပ်ရှားမှု၊ ယဉ်ကျေးမှုဖလှယ်ပြသခြင်း ပါဝင် သည့်အချက်အလက် (၅)ခုကို စီစဉ်ထားပါသည်။

ဒုတိယအကြိမ်မြောက် လန်စန်းမြစ်-မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံကုန်စည်ပြပွဲကို ယူနန် ပြည်နယ်လန်စန်းမြစ်-မဲခေါင်မြစ်ဝှမ်းဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံအုပ်ချုပ် ရေးကော်မတီ၊ CCPIT၊ ယူနန်ပြည်နယ် အရှေ့တောင်အာရှ တောင်အာရှ စီပွားကုန်သယ် ရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့မှ ဦးစီးကျင်းပကာ ယူနန်တိန်းကန်နိုင်ငံတကာ ပြသရေးစင်တာစီမံအုပ်ချုပ်ရေးကုမ္ပဏီလီမီတက်မှ တာဝန်ကျင်းပမည် ဖြစ်ပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်