ပုစွန်သီးရွက်ကော်ရည်ကြော်

2017-08-25 14:42 ၇ ရက်နေ့စဉ်သတင်းစာ

20907125_10156528515086040_650643360_o

ဒီတစ်ပတ်တော့ ထမင်းမြိန်စရာ အသီးအရွက်ကို ပုစွန် လေးနဲ့ ကြော်ရအောင် ဖော်ပြပေးလိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ ပုစွန်များကို အခွံချွတ်၍ ရေစင်အောင်ဆေးကာ အရသာမှုန့်၊ သကြား၊ ဂျုံမှုန့်၊ ဆားတို့နဲ့ ရောနယ်ကာ ကြိတ်ပေးပါ။

၂။ ထိုအနှစ်ကို ခပ်ရှည်ရှည်အပြားလေးများ ပြုလုပ်၍ ဆီပူပူမှာ ရဲလာအောင် ကြော်ပေးပါ။ ပြီးနောက် လက်တစ်လုံးစာခန့် ညှပ်ထားပေးပါ။

၃။ အသီးအရွက်များကို မိမိစိတ်ကြိုက်ပုံစံလှီးဖြတ်၍ ရေဆေးကာ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို လေးစိတ် စိတ်ထားပါ။

၎။ ပန်းကန်လုံးတစ်ခုထဲတွင် ခရုဆီ၊ ပဲငံပြာရည်၊ ကော်မှုန့်၊ သကြား၊ ဆားတို့ကို ရေနှင့်ဖျော် ထားပါ။

၅။ ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ အပူပေးပြီး ဆီပူလျှင် ကြက်သွန်ဖြူဓားပြား ရိုက်ထည့်ကာ ဆီသတ်ပါ။

၆။ အနံ့မွှေးလာလျှင် အသီးအရွက်များထည့်၍ ကြော်ပြီးနွမ်းပါက ပုစွန်အသားပြားများ ထည့်မွှေပါ။

၇။ ထို့နောက် ဖျော်ထားသော ကော်ရည်ထည့်၍ ပုစွန်အသားပြား အိအောင်တည်ပေးပါ။

၈။ ကော်ရည်ပျစ်လာလျှင် အရသာစိတ်ကြိုက်မြည်း၍ မီးပိတ်ပေးလို့ရပါပြီ။

ပါဝင်ပစ္စည်းများ

ပုစွန်၃၀ ကျပ်သား

ဂျုံမှုန့်စားပွဲတင်ဇွန်း နှစ်ဇွန်း

မုန်လာဥနီအနည်းငယ်

မုန်ညင်းထုပ်အနည်းငယ်

ပြောင်းဖူးသေးအနည်းငယ်

ရွှေပဲသီးအနည်းငယ်

ခရမ်းချဉ်သီးနှစ်လုံး

ကြက်သွန်နီတစ်လုံး

ကြက်သွန်ဖြူငါးမြွှာ

ခရုဆီစားပွဲတင်ဇွန်း နှစ်ဇွန်း

ပဲငံပြာရည်အပျစ်စားပွဲတင်ဇွန်း တစ်ဇွန်း

ကော်မှုန့်စားပွဲတင်ဇွန်း တစ်ဇွန်း

ဆီစားပွဲတင်ဇွန်း ဆယ်ဇွန်း

Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်