Yangon Book Plaza တွင် အခြေခံပန်းချီသင်တန်း ဖွင့်မည်

2017-08-24 16:59 ရောင်စုံတိမ်တံတား

အခြေခံပန်းချီသင်တန်း ကို ပထမဆုံးအနေဖြင့် Yangon Book Plaza တွင် စက်တင်ဘာ ကစ၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါပလာဇာတည်ထောင်သူ ဦးစန်းမွန်အောင်က ပြောသည်။

အဆိုပါပန်းချီသင်တန်းတွင် ရေဆေး၊ ဆီဆး၊ ပုံတူ၊ ခဲစသည့် အခြေခံပန်းချီများကို ပန်းချီဆရာ အောင်နိုင်မောင်က သင်ကြား မည်ဖြစ်သည်။
‘‘သီအိုရီတွေနဲ့ ချက်ချင်းပန်းချီကားတွေရေးတတ်သွားအောင် လက်တွေ့ရေးပြီး သင်ပေး မှာပါ’’ ဟု ၎င်းက ပြောသည်။

သင်တန်းကြေး တစ်လ ငါးသောင်းကျပ်ဖြစ်ပြီး သင်တန်း ကာလသုံးလဖြစ်ကာ အသက် အရွယ်မရွေး တက်ရောက်နိုင်မည်သည်။

‘‘Book Plaza က စာအုပ် ရောင်းချရုံ၊ စာပေပွဲတော်တွေ ကျင်းပရုံတင်မဟုတ်ဘဲ ပန်းချီ၊ ဂီတစတဲ့ စာပေအနုပညာနဲ့ ဆက် စပ်တဲ့ သင်တန်းတွေကို ဖွင့်ဖို့ အစီအစဉ်ရှိပြီးသားပါ။ ပန်းချီသင်တန်းကတော့ အခုပထမဆုံးပါ’’ဟု ဦးစန်းမွန်အောင်က ပြောသည်။

ရုံးဖွင့်ရက် သင်တန်းရက် များအဖြစ် ဗုဒ္ဓဟူး၊ ကြာသပတေး နှင့် ရုံးပိတ်ရက် သင်တန်းအဖြစ် စနေ၊ တနင်္ဂနွေနေ့များတွင် တက် ရောက်နိုင်သည်။

Yangon Book Plaza ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲ များ၊ စာအုပ်ဈေး ပွဲတော်များ၊ ကဗျာရွတ်ပွဲများ၊ စာအုပ်ဆွေးနွေးပွဲများ လက်ခံကျင်းပနေ သည်။ (By ခင်ရူပါမော်)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်