ဇူလိုင်လတွင် ကူမင်းလေဆိပ်၌ ပြည်ပလေကြောင်းလိုင်းသည် ခရီးသည် ၃.၂၃ သိန်းခန့် သယ်ပို့၍ အချိန်တူကာလထက် ၁၉.၄%တိုးမြင့်လာ

2017-08-22 16:49 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မိုးဦးသဇင်) ယနှစ်ဇူလိုင်လတွင် ကူမင်းလေဆိပ်၌ ပြည်တွင်းပြည်ပ လေကြောင်းလိုင်း သည် ခရီးသည် (၃.၇၈၃)သိန်းလောက် သယ်ယူပို့ဆောင်ခဲ့ပါသည်။ ၎င်းတို့အနက် ပြည်တွင်း လေကြောင်း လိုင်းသည် ခရီးသည် (၃.၄၂၄)သန်းခန့် သယ်ယူ ပို့ဆောင်ကာ ပြည်ပလေကြောင်းလိုင်း သည် ခရီးသည် (၃.၂၃)သိန်း သယ်ယူပို့ဆောင်ခဲ့၍ အချိန်တူကာလထက် ၁၉.၄% တိုးမြင့်လာပါသည်။ ဒေသလေကြောင်းလိုင်း သည် ခရီးည် (၃၆၀၀၀)လောက့် သယ်ယူ ပို့ဆောင်ခဲ့ပါသည်ဟု ကူမင်းလေဆိပ်မှ သိရှိရပါသည်။

ယနှစ် ပြည်ပလေကြောင်းလိုင်း သယ်ပို့သည့်ခရီးသည်ပမာဏ မြန်ဆန်စွာတိုးများလာ၍ ကူမင်းလေဆိပ် ပြည်ပလေကြောင်းလိုင်းဖြင့် ခရီးသည်အများဆုံး သွားရောက်သည့် ရှေ့ရှ မြို့ပြ သုံးမြို့မှာ ဗန်ကောက်၊ ဗီယင်ကျန်းနှင့် ဇင်းမယ် ဖြစ်ကာ ဇူလိုင်လတွင် ကူမင်း လေဆိပ်မှတစ်ဆင့် ဤသုံးမြို့သို့ သွားရောက်သည့်ခရီးသည် (၄၂၀၀၀) ခန့် ရှိ၍ ပြည့်ပသို့ ခရီးသည်စုစုပေါင်းပမာဏ၏ ၂.၂% ရှိပါသည်ဟု ကူမင်းလေဆိပ် ဈေးကွက်ရောင်းချမှု ဌာနမှ သက်ဆိုင်ရာတာဝန်သူက ပြောပြခဲ့ပါသည်။

ဇူလိုင်လတွင် ကူမင်းလေဆိပ်၌ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ခရီးသည် ပမာဏ အများဆုံးသွားရောက်သည့် ရှေ့ရှမြို့ပြမှာ ရှန်ဟိုင်း၊ ပေကျင်း၊ စစ်ဆောင်ပန်န၊ ချန်ဒူးနှင့် ချုံချင် ဖြစ်ပါသည်။ ကုန်သင်ကုန်ချမှုကဏ္ဍတွင် ပြည်တွင်းလေကြောင်းလိုင်းဖြင့် ကုန်ပစ္စည်း အများဆုံးပို့ဆောင်သည့်မြို့ပြမှာ ရှန်ဟိုင်း၊ ပေကျင်း၊ ကွမ်ကျူး၊ ဟုန်ကျူးနှင့်နန်ကျင်း ဖြစ်ပါ သည်။ ပြည်ပလေကြောင်းလိုင်းဖြင့် ကုပစ္စည်း အဓိကပို့ဆောင်သည့်မြို့ပြမှာ ဒါကာ၊ နယူးဒေလီ၊ Madras စသည်တို့ ရှိပါသည်။

ခရီးသွားလာရေးလွယ်ကူစေရန်အတွက် ကူမင်းလေဆိပ်က Cebu၊ Manila၊ Bandar Seri Begawan၊ Bintan Island၊ Moscow၊ Ban Hat Yaiပါဝင်သည့်နေရာများသို့ သွားရောက် သည့် လေကြောင်းလိုင်းများကို နွေရာသီရုံးပိတ်ရက်၌ ဖွင့်လှစ်ခဲ့ပါသည်။ ယနှစ် ဇူလိုင်လ တွင် လေယာဉ် (၃၅၅)စီး ထွက်ခွာ/ရောက်ရှိခဲ့၍ အချိန်တူကာလထက် ၃၄.၇% တိုးမြင့်ခဲ့ပါ သည်ဟု ၎င်းက ပြောပြခဲ့ပါသည်။

ယနှစ် ဒုတိယနှစ်ထက်တွင် ကူမင်းလေဆိပ်သည် ပြည်ပလေကြောင်းလိုင်းကို ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ Malindo airသည် ကူမင်း-ကွာလာလမ်ပူ လေကြောင်းလိုင်းကို ယနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ပါ ကြောင်း၊ MAIသည် ကူမင်း-မန္တလေး-ရန်ကုန် လေကြောင်းလိုင်းကို အောက်တိုဘာလတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

 

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်