မြန်မာ့ဆိပ်ကမ်းလုပ်ငန်းစဉ်များကို ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်မှု ၂၀၁၇ အောက်တိုဘာတွင် စတင်မည်

2017-07-24 17:05 ၇ ရက်နေ့စဉ်သတင်းစာ

မြန်မာ့ဆိပ်ကမ်းလုပ်ငန်းများတွင် စာရွက်စာတမ်း ပေါင်းများစွာဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစဉ်စနစ်အစား ကွန်ပျူတာ (Electronic Data Inter-change-EDI) စနစ်ဖြင့် အသုံးပြုမှုကို ၂၀၁၇ အောက်တိုဘာ ၁ ရက် တွင် စတင်အသုံးပြုမည်ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

လက်ရှိတွင် အဆိုပါစနစ်ကို စမ်းသပ်အသုံးပြုနေပြီး အဆင်ပြေချောမွေ့ပါက သတ်မှတ် ရက် ၌ စတင် အသုံးပြုမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဒုတိယ အထွေထွေ မန်နေဂျာ ဒေါက်တာမျိုးငြိမ်းအေး က ပြောသည်။

‘‘ဒီစနစ်စသုံးပြီဆိုရင် ဆိပ်ကမ်းမှာ သင်္ဘောအ၀င်အထွက် တွေ စနစ်တကျနဲ့ပိုမို လွယ်ကူစွာ ဆောင်ရွက်နိုင် မှာပါ။ စီမံခန့်ခွဲမှု အတွက် လိုအပ်တဲ့အစီရင်ခံစာတွေ၊ အချက်အလက်တွေ ကို အလွယ်တကူလိုအပ်ချိန် ထုတ်ယူ နိုင်မှာပါ။ စာရွက်စာတမ်းပေါင်း များစွာနဲ့လုပ်နေရတဲ့ လုပ်ငန်းစဉ် အစားထိုးတာမို့ အချိန်ရော၊ လူရောသက်သာအဆင်ပြေ စေမှာ ပါ’’ ဟု ၎င်းက ဆိုသည်။ အဆိုပါစနစ်သို့ ပြုပြင် ပြောင်းလဲရန် ကန်ဒေါ်လာ ၁၄ ဒသမ ၂၇ သန်းနှင့်ညီမျှ သည့် ဂျပန်ယန်းငွေသန်း ၁,၇၂၀ ကို ဂျပန်အစိုးရကထောက်ပံ့ရန် ၂၀၁၅ မတ်လ ၁၉ ရက် က ဂျပန်-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

အဆိုပါစနစ်တွင် အသုံးပြု မည့် ဆော့ဖ်ဝဲပိုင်းကို Hitachi Solution Limited က တာဝန်ယူ ဆောင်ရွက်သည်။

EDI လုပ်ငန်းစဉ်ကို ၂၀၁၅ အောက်တိုဘာ ၁ ရက်က စတင် ခဲ့ပြီး စမ်းသပ်ကာလအဖြစ် ၂၀၁၇ ဧပြီမှ စက်တင် ဘာအထိ သတ်မှတ်ထားသည်။

ရန်ကုန်ဆိပ်ကမ်းတွင် ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်အတွင်း ကုန်သေတ္တာ ရှစ်သိန်းကိုးသောင်း ကျော် (၈၉၃,၂၀၁) (ပေ ၂၀ တူညီကုန်သေတ္တာယူနစ်စနစ် TEU) ကို လက်ခံ ကိုင်တွယ်ခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၌ ကုန်သေတ္တာတစ်သန်းကျော် (၁,၀၅၇,၈၈၈) (ပေ ၂၀ တူညီကုန်သေတ္တာယူနစ်စနစ် TEU) ကို လက်ခံ ကိုင်တွယ်ခဲ့သည်ဟု ရန်ကုန်ဆိပ်ကမ်း အာဏာပိုင် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ရန်ကုန် တွင်း ဆိပ်ကမ်း၊ သီလ၀ါဆိပ် ကမ်း၊ စစ်တွေဆိပ်ကမ်း၊ကျောက် ဖြူဆိပ်ကမ်း၊ သံတွဲဆိပ်ကမ်း၊ မော်လမြိုင်ဆိပ်ကမ်း၊ မြိတ်ဆိပ်ကမ်း၊ ထားဝယ်ဆိပ်ကမ်း၊ ကော့ သောင်းဆိပ်ကမ်းဟူ၍ ဆိပ်ကမ်း ကိုးခုရှိသည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံ ဆိပ်ကမ်းအဖွဲ့ဝင်ဖြစ်ပြီး ဆိပ်ကမ်းများ အဆင့်မြှင့်တင် မည့်အစီအစဉ်လည်းရှိ ကာ ဆွေးနွေးနေဆဲဖြစ်ကြောင်း သတင်းရရှိ သည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ပို့ဆောင်ရေးဝန်ကြီး ဌာနကွပ်ကဲမှု အောက်တွင်ရှိပြီး ပင်လယ်ဆိပ်ကမ်းအားလုံးကို စီမံခန့်ခွဲအုပ်ချုပ်နေသည်။ (By ယုဝေ)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်