ဒုတိယအကြိမ်မြောက် Munich ဘီယာပွဲကို ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကျင်းပ

2017-07-24 17:01 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မိုးဦးသဇင်) ၂၀၁၇ ဒုတိယအကြိမ်မြောက် Munich ဘီယာပွဲကို ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၁၃ ရက်နေ့အထိ ကူမင်း နိုင်ငံတကာပြသရေးစင်တာ မြောက်ဘက်ကွင်းပြင်၌ ကျင်းပမည်ဖြစ် ၍ Bayerischer ဘီယာ၊ ဂျာမနီ HBဘီယာ၊ ဂျာမနီနိုင်ငံဒေသခံအစားအစာ များနှင့် ယူနန်ဒေသခံထွက်အစားအစာများကိုလည်း စားသောက်နိုင်ပြီး Munich Band Take-five အသီးအဆိုဖျော်ဖြေပွဲကို ခံစားနိုငံပါသည်။ ထို့ပြင် ယူနန်ဒေသခံ Bandသည်လည်း ပါဝင် ဖျော်ဖြေမည် ဖြစ်ပါသည်။

ယခုအခါ ဤပွဲသို့ ဝင်ခွင့်လက်မှတ်ကို 400-117-9918 ဖုန်းဆက်ပြီး ဝယ်ယူနိုင်ကြောင်း၊ ဧရိယာAနှင့် ဧရိယာBကို ခွဲခြားပြီး ဧရိယာAမှာ ဝင်ခွင့်လက်မှတ် ယွမ်၂၀၊ ဧရိယာB ၁၀ ယွမ် ကောက်ခံပါကြောင်း၊ ဘီယာလက်မှတ်သည်လည်း ယွမ် (၄၀)နှင့် ယွမ် (၅၀)နှစ်မျိုး ခွဲခြား၍ ပွဲဝင်ပြီး ဂျာမနီ HBဘီယာ တစ်ပုလင်းသို့မဟုတ် တစ်ဖန်ခွက်ကို ရရှိနိုင်ကြောင်း သိရှိရပါ သည်။

 

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်