ယူနန်ပြည်နယ်ရှိ နှင်းဆီပန်း မျိုးစိတ်သစ်အမည်ကို “အောင်ဆန်းစုကြည်နှင်းဆီ”ဟု အမည်ပေး

2017-05-18 16:33 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်)  မေလ ၁၇ရက်နေ့၊ ယူနန်ပြည်နယ် လယ်ယာစိုက်ပျိုးရေး သိပံပညာ အကယ်ဒမီမှ ပန်းမန်သုတေသနရုံသည် ဖန်တီထားသော “အောင်ဆန်းစုကြည်နှင်းဆီ” အမည်ပေးအပ်ပွဲ အခမ်းအနားကို ကူမင်းမြို့ ကျင်းပခဲ့ပါသည်။ ယူနန်ပြည်နယ်ကော်မတီ အတွင်းရေးမှူး H.E.Mr Chen Hao ၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး H.E.Mr Ruan Chengfa နှင့် မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် အခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။

ယူနန်ပြည်နယ် လယ်ယာစိုက်ပျိုးရေး သိပံပညာ အကယ်ဒမီမှ ပန်းမန်သုတေသနရုံသည် ၂၀၁၂ခုနှစ် ဧပြီလမှစ (၄)နှစ်ကုန်ပြီး “အောင်ဆန်းစုကြည်နှင်းဆီ”ကို အောင်မြင်စွာ ဖန်တီး ခဲ့ပါသည်။ “အောင်ဆန်းစုကြည်နှင်းဆီ”သည် ယဉ်ကျေးသိမ်မွေ့ပြီး သာလွန်ထူးကဲ ချစ်ခြင်း၊ ချစ်ကြည်ရေး၊ ရဲရင့်မှုနှင့် အသက်သွေးခဲပေးလျှုခြင်း စိတ်ဓာတ်များကို ကိုယ်စားပြု ထားပါသည်။ နှင်းဆီ၏ အမြင့်သည် စင်တီမီတာ(၆၀)မှ (၈၀)သို့ ရောက်နိုင်ပြီး အရောင် တောက်ပရွှန်းတင့်ပြီ်း ပုံစံလှပ ပါသည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်