"Zheng He Cup" ဓာတ်ပုံရိုက်ပြိုင်ပွဲမှ တစ်ကမ္ဘာလုံးတွင် ဓာတ်ပုံလက်ရာများစုစည်းပြီး သောင်းနှင့်ချီပြီး ဆုချီးငွေ စီစဥ့်

2017-04-26 22:14 ရောင်စုံတိမ်တံတား

00235402d1c01a6a867b2e

(ရောင်စုံတိမ်တံတား၊ မိုးဦးသဇင်) ကျင်နင်ရပ်ကွက် "Zheng He Cup" ဓာတ်ပုံရိုက်ပြိုင်ပွဲမှ ကောင်းမွန်ထူးချွန် သော "Zheng He"နှင့်ပတ်သက်၍ ဧပြီလ ၂၆ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ တစ်မ္ဘာလုံးတွင် ဓာတ်ပုံ လက်ရာများကို စုစည်းထားကာ ဓာတ်ပုံလက်ရာ ကွန်ယက် မဲပေးချိန်မှာ ဇွန်လ ၃ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

မဲပေးချိန်အတွင်း အပတ်စဉ် မဲဆန္ဒရှင်များရေးဆွဲထားသည့် ဖုန်နံပါတ်ထဲမှ (၁၀)ဦးကို အစဉ်လိုက်မဟုတ်ဘဲ ရွေးကောက်ပြီး တစ်ဦးလျှင် လက်ငင်းငွေ ယွမ် (၅၀) သို့မဟုတ် ယွမ် (၅၀) တန် ရှိသော ဖုန်းငွေ၊ ငွေးကြေး လက်မှတ်ကို လက်ဆောင်ပေးမည် ဖြစ်ကြောင်း၊ မဲဆန္ဒပေးပြီး ပါရဂူများမှ နောက်ဆုံး အကဲဖြတ်မည် ဖြစ် ကြောင်း သိရှိရပါသည်။

ဤပြိုင်ပွဲမှာ ပထမဆု တစ်ခု၊ ဆုချီးငွေ ယွမ် (၁၀၀၀၀)၊ ဒုတိယဆု နှစ်ခု၊ ဆုချီးငွေ ယွမ် (၆၀၀၀)၊ တတိယဆု သုံးခု၊ ဆုချီးငွေ ယွမ် (၃၀၀၀)၊ ထူချွန်ဆု (၁၀)ခု၊ ဆုချီးငွေ ယွမ် (၁၀၀၀) စီစဉ်ဆောင်ရွက်ကြောင်း၊ ထို့ပြင် ဆုချီးငွေ ယွမ် (၂၀၀) ချီးမြှင့်သည့် ကျင်နင် ရပ်ကွက် အလေးဂရုပြုဆု များစွာစီစဉ်ထားကြောင်း၊ ဆုရဓာတ်ပုံ လက်ရာ အချို့ကို ၂၀၁၇ ခုနှစ် ကူမင်း Zheng He နိုင်ငံတကာ ယဉ်ကျေးမှုနှင့် ခရီးသွားပြပွဲ ဖွင့်ပွဲအခမ်းအနား တွင် ဆုချီးမြှင့် ပြသမည် ဖြစ်ကြောင်း သိရှိရပါသည်။

တစ်ကမ္ဘာလုံးတွင် ဓာတ်ပုံရိုက် စိတ်ဝင်စားသူများက ပြည်တွင်းပြည်ပမှ "Zheng He" နှင့်ပတ်သက်၍ ရှုခင်းရှူမော်များ၊ လူထုများ၊ အရေးများ ပြသနိုင်သည့် ဓာတ်ပုံလက်ရာ များကို တင်ပြနိုင်ပါသည်။ ဥပမာ- Zheng He ဥယျာဉ်၊ Zheng He အထိမ်းအမှတ်း ခန်းမဆောင်၊ Zheng He အထိန်းအမှတ်လှုပ်ရှားမှုများ စသည်တို့နှင့် ကျင်နင်ရပ်ကွက် အတွင်း စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ တောတောင်ရေမြေကျေးလက်ဒေသ       ရှုခင်းများ၊ တိုင်းရင်းသားလူမျိုးစု ယဉ်ကျေးမှုများ၊ သာယာလှပသော ကျေးလက်ဒေသ တည်ဆောက်မှုများ၊ သမိုင်းရာဇဝင် ယဉ်ကျေးမှုနှင့် လူမှုရှုခင်းများ ပြသနိုင်သည့် ဓာတ်ပုံလက်ရာများ ပါဝင်ပါသည်။

ဓာတ်ပုံလက်ရာများကို အီးမေးလ် 3241583776@qq.com သို့ပေးပို့ကာ စာသား ရှင်းပြချက်၊ ဓာတ်ပုံရိုက်သူ ၏ အမည်စစ်၊ အသက်အရွယ်၊ ဖုန်းနံပါတ်၊ QQ သို့မဟုတ် Wechat နံပါတ် စသည့် သတင်းများကို ပါဝင်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။ အသေးစိတ်အကြောင်းအရာ သိချင်ပါက ဖုန်းနံပါတ်860871—67897170၊ 860871—65390101 ဆက်နိုင် သိုမဟုတ် QQ နံပါတ် 540563478 ကို Join ပြီး မေးမြန်း နိုင်ပါသည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်