၂၀၁၇ခုနှစ် ယူနန်နှင့် ကူမင်းမြို့မှ ပြည်သူတစ်ရပ်လုံးများက ဖတ်ရှုခြင်း လှုပ်ရှားမှုများကို ဧပြီလ ၂၁ရက်နေ့မှ စတင်ကျင်းပ

2017-04-20 17:35 ရောင်စုံတိမ်တံတား

20170420110557

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကမ္ဘာ့စာဖတ်နေ့ (ဧပြီလ ၁၃ရက်နေ့)ကို ဆီးကြိုရန် ၂၀၁၇ခုနှစ် ယူနန်နှင့် ကူမင်းမြို့မှ ပြည်သူတစ်ရပ်လုံးများက ဖတ်ရှုခြင်း လှုပ်ရှားမှုများ၏ စတင်အခမ်းအနားကို ဧပြီလ ၂၁ရက်နေ့ နေ့လယ် ၁၅နာရီမှ ၁၆နာရီအထိ ကူမင်းလူငယ်လှုပ်ရှားမှုစင်တာ ကျင်းပမည်။ စတင်အခမ်းအနားတွင် ရိုးရာတူရိယာဖြင့် သီဆိုတီးမှုတ်ခြင်း၊ ဂန္တဝင်စာပေရွတ်ဆိုခြင်း စသော အနှစ်သာရနှင့် ပြည့်စုံသည့် စာပေအနုပညာ ပြသမှုများကို ကျင်းပမည်။

ထို့ပြင်၊ စာအုပ်ပူပေါင်းပြပွဲကို ဧပြီလ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ နံနက်၉နာရီမှ ညနေ ၁၇နာရီအကြား ကျင်းပမည်။ စီဟွာစာအုပ်ဆိုင်၊ စီဇေးစာအုပ်၊ ချွင်းရှောင်စာအုပ် စသော စာအုပ်ဆိုင်(၁၂)ခုသည် ပြပွဲကို ပါဝင်ဆင်နွှဲပြီး စာအုပ်များ အမျိုးထောင်ပေါင်းများစွာ၊ အတွဲ သောင်းပေါင်းများစွာ ရှိပြီး ပြသ ရောင်းဈေးသည် မူလတန်ဖိုးမှ ၃၀ရာခိုင်နှုန်းမှ စတင်ရောင်းချမည်။ စာအုပ်ဆိုင်များသည် ကူမင်းလူငယ်လှုပ်ရှားမှုစင်တာ၌ ယူနန်စာအုပ်ပြသနေရာ၊ လူငယ်စာအုပ်ပြသနေရာ၊ ဂန္တဝင်စာပေ စာအုပ်ပြသနေရာ၊ ရောင်းပြီးကောင်းတဲ့ စာအုပ်ပြသနေရာ စသည်တို့ကို တည်ဆောက်မည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်