တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်း စီမံကိန်းသည် ရေနံများကို တရားဝင် စတင်တင်ပို့

2017-04-12 14:53 ရောင်စုံတိမ်တံတား

             untitled

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်)  အခုသလော၊ တရုတ်-မြန်မာ အကြား ရေနံပိုက်လိုင်း သဘောတူညီချက်ကို ပီကင်းမြို့၌ တရားဝင် လက်မှတ်ရေးထိုးခဲ့ပါသည်။ တစ်ချိန်တည်းမှာပဲ ရေနံစိမ်းတန်ချိန် (၁၄)သောင်း တင်ဆောင်လာသော တရုတ် ရေနံတင်သင်္ဘောသည် မြန်မာနိုင်ငံ ကျောက်ဖြူမြို့နယ် မဒေးကျွန်းဆိပ်ကမ်းသို့ ၀င်ရောက် ဆိုက်ကပ်ခဲ့ပြီး တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်း စီမံကိန်းသည် ရေနံများကို တရားဝင် စတင်တင်ပို့ခဲ့ပါသည်။

တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်းသည် China National Petroleum Corporation နှင့် မြန်မာ ရေနံဓာတ်ငွေ့ကုမ္ပဏီတို့သည် ရင်နှီးငွေစုပေါင်းမြှုပ်နှံပြီး တည်ဆောက်၍ ကီလိုမီတာ ၇၇၀ အရှည်ရှိပြီး တစ်နှစ် တင်ပို့ပမာဏသည် တန်ချိန် (၂၂)သန်း ရှိပါသည်။ ပိုက်လိုင်းဖြင့် စတင်တင်ပို့ပြီးနေက် မြန်မာနိုင်ငံအတွက် ရေနံစိမ်း တန်ချိန်(၂)သန်း ချနိုင်ပါသည်။

ယင်းစီမံကိန်းသည် တရုတ်နိုင်ငံသို့ ရေနံတင်ပို့မှုအတွက် လမ်းကြောင်းသစ်တစ်ခု ဖြစ်လာပြီး တရုတ်အစိုးရ၏ One Belt One Road ရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ကာ အလယ်အာရှနှင့် ဥရောပနိုင်ငံများမှ ကုန်သွယ်မှုလမ်းကြောင်း တစ်ခု လည်းဖြစ်သည်။ အဆိုပါဒေသများမှ ၀ယ်ယူသည့် ရေနံများကို မလက္ကာရေလက်ကြားနှင့် စင်ကာပူနိုင်ငံတို့ကို မဖြတ်သန်းဘဲ တရုတ် အရှေ့တောင်ပိုင်းသို့ မြန်မာ-တရုတ် ရေနံပိုက်လိုင်းဖြင့် တင်ပို့နိုင်မည် ဖြစ်၍ တရုတ်နိုင်ငံ၏ စွမ်းအင်အရင်းအမြစ် လုံးခြုံရေးအတွက် အရေးကြီးသော အကျိုးရှိပါသည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်