"One Belt and One Road"ယူနန်လုပ်ငန်းများ အရှေ့တောင်အာရှနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း မိတ်ဆက်ပွဲ ကျင်းပခဲ့

2017-03-16 17:32 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “One Belt and One Road” ယူနန်လုပ်ငန်းက အရှေ့တောင်အာရှနိုင်ငံ၌ ရင်းနှီးမြှုပ်နှံ ရေး လုပ်ငန်း မိတ်ဆက်ဖြန့်ချီပွဲကို မတ်လ ၁၄ ရက်နေ့တွင် ကူမင်းမြို့၌ ကျင်းပခဲ့၍ ယူနန် ပြည်နယ်နှင့် အရှေ့တောင်အာရှ နိုင်ငံများ အကြား ကူသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူပေါင်း ဆောင်ရွက်ရေးကို ပို၍ တွန်းအားပေးနိုင်ကြောင်း သတင်း အရ သိရှိရပါသည်။

ယူနန်ပြည်နယ် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ် ၊ အရှေ့တောင်အာရှနိုင်ငံ အစိုရ ရင်းနှီးမြှုပ်နှံရေး ဌာန များမှ ကိုယ်စားလှယ်နှင့် ပြည်တွင်ပြည်ပ နာမည်ကျော်သော လုပ်ငန်း (၂၀)မှ ကိုယ်စားလှယ် စုစုပေါင်း (၁၀၀)ကျော်သည် တက်ရောက်ခဲ့ကြပါသည်။

မိတ်ဆက်ဖြန့်ချီပွဲတွင် စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စသည့် နိုင်ငံများ အစိုးရ အရာရှိများနှင့် ရင်းနှီးမြှုပ်နှံရေးဌာနများမှ တာဝန်ခံ သူ၊ ရင်းနှီးမြှုပ်နှံရေး ပါရဂူများသည် နိုင်နိုင်ငံအသီးသီး၏ ရင်းနှီးမြှုပ်နှံရေး ပတ်ဝန်းကျင်နှင့် မူဝါဒများကို သေချာစွာ မိတ်ဆက်ခဲ့ကြပြီး “One Belt and One Road” ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ လုပ်ငန်း ကိုယ်စားလှယ်များ သည်လည်း စီမံကိန်း (၁၇၉)ခုကို ခွဲခြား၍ မိတ်ဆက်ဖြန့်ချီခဲ့ကြ ကာ စွမ်းအင် လျှပ်စစ် ဓာတ်အား၊ အခြေခံ အဆောက်အအုံ၊ စက်မှုလုပ်ငန်းပြုလုပ်ခြင်း၊ လယ်ယာစိုက်ပျိုးရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသည့် နယ်ပယ်များကို ပါဝင်ခဲ့ပါသည်။

ယခုနှစ်များတွင် ယူနန်လုပ်ငန်းများသည် စက်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံတို့ပါဝင် သည့် (၅၂)နိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ပြီးဟု ယူနန်ပြည်နယ် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနမှ တာဝန်ခံသူက မိတ်ဆက်ခဲ့ပါသည်။

 

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်