တလီ ဝေးစန်းသရေစာပွဲ မတ်လ ၃ ရက်နေ့တွင် စတင်ကျင်းပ၊ နန်ဇော်ဘုရင်တည်ခင်းဧည့်ခံပွဲ ပြသ

2017-03-03 16:30 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မိုးဦးသဇင်) ၂၀၁၇ခုနှစ် သတ္တမ အကြိမ်မြောက် တရုတ်နိုင်ငံ တလီဝေးစန်း သရေစာပွဲကို မတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ယူနန်ပြည်နယ်၊ ဝေစန်းခရိုင်၌ ကျင်းပမည် ဖြစ်ကြောင်း၊ ဝေးစန်း နာမည်ကျော် အထူးသရေစာပြပွဲ၊ ထူးခြားချက်လက္ခဏာရှိသည့် အကင် မြည်းကြည့်ခြင်း လှုပ်ရှာမှု၊ တလီပြည်နယ်ခွဲရှိ မြု့/ခရိုင် (၁၂) ခု၏ ထူခြားသည့် ခရီးသွားကုန်ပစ္စည်ပြပွဲ၊ နန်ဇော်ဘုရင်တည်ခင်းဧည့်ခံပွဲ၊ နန်ဇော် ကျန်းမာရေးပြုစုရန် တည်ခင်းဧည့်ခံပွဲ၊ မွတ်စလင် အစားအစာပြပွဲစသည့် လှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါသည်။

နန်ဇော်ဘုရင်တည်ခင်းဧည့်ခံပွဲကို ဤပွဲတွင် အထူးအစိတ်အပိုင်းအဖြစ် ဆောင်ရွက်မည်၊ နန်ဇော်ဘုရင်တည်ခင်းဧည့်ခံပွဲကို နန်ဇော်ခေတ်တွင် ပေါ်လာ၍ နန်ဇော်ဘုရင်က ပူဇော်ပြသပွဲ သို့မဟုတ် နှစ်သစ်ကူးပွဲ ပါဝင်သည့် ပွဲတော်များတွင် စစ်ပွဲတွင် အောင်မြင်သည့် စစ်သားများအား ကျွေးမွေးဧည့်ခံသည့် ဂုဏ်ပြုထမင်းစားပွဲ ဖြစ်သည်ဟု သိရှိရပါသည်။

ထိုပွဲကျင်းပစဉ် ဝေးစန်းတွင် "နန်ဇော်ရှေးဟောင်းတေးဂီတ"ပါဝင်သည့် သိမ်မွေ့နက်နဲသောယဉ်ကျေးမှု အမွေအနှစ် ပြပွဲကိုလည်း ကျင်းပမည်၊ နန်ဇော်ရှေးဟောင်းတေးဂီတသည် ဝေးစန်းတွင် နှစ်ပေါင်း တစ်ထောင်ကျော် သမိုင်းရှိသည့် တိုင်းရင်းသားလူမျိုး အရပ်ဘက် ရှေးဟောင်းတေးဂီတ ဖြစ်၍ ဂီတတူရိယာ ဆယ်မျိုးကျော်ဖြင့် တီးမှုတ်ပြသ ပါသည်ဟု သိရှိရပါသည်။

ဝေးစန်းရှေးဟောင်းမြို့သည် ယူနန်ပြည်နယ် တလီပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ တောင်ပိုင်းတွင် တည်ရှိနေ၍ ရှေးခေတ် နန်ဇော်နိုင်ငံ ဖြစ်ပေါ်လာသည့် မူရင်းနေရာ ဖြစ်ပြီး ရှေဟောင်းမြို့အတွင်း မင်ချင်းခေတ်၌ တည်ဆောက်သည့် အဆောက်အဦးများနှင့် နေအိမ်များကို ထိန်းသိမ်းနေခြင်းကြောင့် နိုင်ငံတော်အဆင့် သမိုင်းယဉ်ကျေးမှု နာမည်ကျော်ကြာသော မြို့အဖြစ် အရွေးခံခဲ့ပါကြောင်း သိရှိရပါသည်။

၂၀၁၁ခုနှစ်မှစ၍ ဝေးစန်းသရေစာပွဲကို (၇) ကြိမ် ဆက်လက်ကျင်းပခဲ့ပြီး ဝေးစန်း သရေစာကို သဘာဝပစ္စည်းများဖြင့် ချက်ခြင်း၊ အမျိုးအစားများပြား၊ အသားနှင့် သစ်သီးအရွက်များ ပါဝင်ခြင်းစသည်တို့ကြောင့် လူကြိုက်များပါကြောင်း၊ ဝေးစန်း နာမည်ကျော် သရေစာ (၉၁)မျိုး ရှိကြောင်း သိရှိရပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်