ဝမ်ကြားရှောင်ယွမ့်တွင် ပထမအကြိမ်မြောက် ချယ်ရီပန်းပွဲကို မတ်လ ၈ ရက်နေ့မှ စတင်ကျင်းပ

2017-03-03 15:52 ရောင်စုံတိမ်တံဝာား

 

QQ图片20170301143607

QQ图片20170301143634

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန်ယင်းဇေစိုက်ခင်း(ဝမ်ကြားရှောင်ယွမ့်)တွင် ပထမ အကြိမ်မြောက် ချယ်ရီပန်းပွဲကို မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပမည် ဖြစ်ချယ်ရီပင် စိုက်ခင်း မို(၃၀၀)ကျော်၊ အပင်(၇)သောင်းကျော်ကို ခရီးသည်များသည် လည်ပတ်ကြည်ရှုနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

“အခု သစ်ပင်ပေါ်မှာ အဖူးများ ပေါက်နေပါတယ်။ မတ်လ ၈ ရက်နေ့ ပြီးမှ အားလုံးက ပွင့်လန်းမယ်။ စိုက်ခင်းမှာ ချယ်ရီပန်း အမျိုးအစား အများကြီးရှိလို့ ပွင့်လန်းချိန် မတူပါပေါ့။ မတ်လက ဧပြီလအထိ ဆက်လက် ပွင့်လန်းမယ်။" ဟု ဝမ်ကျားရှောင်ယွမ့် တာဝန်ခံသူက ရှင်းပြခဲ့ပါသည်။

QQ图片20170301143622

QQ图片20170301143615

ချယ်ရီပန်းပွဲ ကျင်းပရာတွင် တစ်လကြာသည့် ချယ်ရီပန်းကြည့်ရှုရေး လှုပ်ရှားမှု၊ အဆို အကဖျော်ဖြေပွဲနှင့် မဲပေါက်ပွဲများ ကျင်းပသည့်အပြင် ဓာတ်ပုံရိုက်ပြိုင်ပွဲကိုလည်း မတ်လ ၉ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ဓာတ်ပုံရိုက်ပြိုင်ပွဲတွင် ဆုများ ထောင်လိုက်မိုဘိုင်းဖုန်း သို့မဟုတ် ကင်မရာဖြင့် ရိုက်သည့်ဓာတ်ပုံများသည် ပြိုင်ပွဲသို့ ပါဝင်နိုင်ကြောင်း သိရှိရပါသည်။

လမ်းကြောင်းနှင့် နေရာကြောင့် ချယ်ရီပန်းပွဲ ဖွင့်ပွဲအခမ်းအနားတွင် လူ (၃၀၀) ကျော်ကို စီမံဧည့်ခံပြီး တက်ရောက်ချင်လျှင် ကြိုတင်ချိန်းရမည် ဖြစ်ကြောင်း ဝမ်ကြား ရှောင်ယွမ့် တာဝန်ခံသူက ပြောကြားခဲ့ပါသည်။

QQ图片20170301143637

QQ图片20170301143714

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်