မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းတွင် ၁၁ လအတွင်း ကုန်သွယ်မှု ဒေါ်လာသန်း ၅၀၀ ခန့် လျော့ကျ

2017-03-01 17:08 ၇ ရက်နေ့စဉ်သတင်းစာ

_SAI6234a

မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းတွင် ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၁၁ လခန့်အ တွင်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာ လတူထက် ကုန်သွယ်မှု အမေရိ ကန်ဒေါ်လာ သန်း ၅၀၀ ခန့် လျော့နည်းခဲ့ကြောင်း သတင်းရရှိ သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံခန့် ကုန် သွယ်နိုင်ခဲ့သော်လည်း ယခုဘဏ္ဍာ နှစ်ကာလတူတွင် ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံခန့် သာ ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သတင်း ရရှိသည်။

‘‘နိုဝင် ဘာ ၂၀ ရက်တိုက်ပွဲတွေက တော်တော်လေး အထိနာခဲ့တယ်။ နောက်တစ်ခုက ကားလမ်းကျပ် တာက ကုန်စည်စီးဆင်းမှုကို အများကြီးထိခိုက်စေတယ်’’ ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။

နိုဝင်ဘာ တိုက်ပွဲများ ကြောင့် မူဆယ်ကုန်သွယ်ရေးဂိတ် တွင် ကုန်သွယ်မှုများ တစ်ရက် လျှင် အမေရိကန်ဒေါ်လာ ၁၂ သန်းမှ ၁၆ သန်းအထိ နစ်နာခဲ့ သည်ဟု ၎င်းက ဆက်လက် ပြော ကြားသည်။

မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်းတွင် အဓိကပို့ကုန် တန်ဖိုးကျဆင်း ခြင်းဖြစ်ပြီး     သွင်းကုန်တန်ဖိုး ကန်ဒေါ်လာနှစ်သန်း ခွဲကျော်ကျဆင်းခဲ့သည်ဟု စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထား သည်။

မူဆယ် နယ်စပ်ကုန်သွယ် စခန်းတွင် ကုန်သွယ်မှုမြှင့်တင် ရေးအတွက် လမ်းပိုင်းအဆင့်မြှင့် မှုကို ပြည်ထောင်စု အစိုးရက ဆောင်ရွက်နေကြောင်း ဦးစိုးညွန့် လွင်က ပြောသည်။

မူဆယ်နယ်စပ်ကုန်သွယ် ရေးဂိတ်တွင် ကုန်သွယ်မှုလျော့ ကျခဲ့သော်လည်း ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်း၌ ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူ ထက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပိုခဲ့ကြောင်း ၀န်ကြီးဌာန ထုတ်ပြန်သော စာရင်းများအရ သိရသည်။ အစိုးရသစ်၏ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ၁၁ လအ တွင်း နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုအနက် မူဆယ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ နဘုလယ်/ထီးခီး နှင့် စစ်တွေနယ်စပ် စခန်းများ တွင် ကုန်သွယ်မှုကျဆင်းခဲ့သည်။ နယ် စပ်စခန်းများတွင် အဓိကကျဆင်း မှုသည် ပို့ကုန် တန်ဖိုး ကျဆင်းခြင်း ဖြစ်ပြီး ၁၁ လအတွင်း ပြီးခဲ့သည့် နှစ်ထက် သန်း ၁၀၀ ကျော် ရှိခဲ့ သည်။ (By ထွန်းထွန်းမင်း)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်