ချန်ကုမ်ယူဟွား ဘတ်စ်ကားကားဂိတ်-ရှေးဟောင်းတီန်းနိုင်ငံ သီးခြားဘတ်စ်ကားလိုင်းကို မတ်လ ၄ ရက်နေ့မှစ၍ ဖွင့်လှစ်

2017-02-28 17:50 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်)  တရုတ်နှစ်သစ်ကူးပွဲတော် ကူးပြီးနောက် လောင်းယူမြစ်တွင် ကျူးလစ်ပန်းများသည် မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်ဖူး လူများ ဆွဲဆောင်ပြီး လည်ပတ်ကြည့်ရှုပါသည်။ ထို့ပြင်၊ ချန်ကုမ်သကသိုလ်မြို့တွင် ကျောင်းတက်သောကြောင့် ချန်ကုမ်ယူဟွား ဘတ်စ်ကား ကားဂိတ်-ရှေးဟောင်း တီန်းနိုင်ငံ သီးခြား ဘတ်စ်ကားလိုင်းကို မတ်လ ၄ ရက်နေ့မှစ၍ ဖွင့်လှစ်ရန် စီစဉ်ကြောင်း သိရှိရပါသည်။

သီးခြားဘတ်စ်ကားကို စနေနေ့တနင်္ဂနွေနေ့ ရောက်တိုင်း ၈ နာရီမှ ၁၈နာရီအထိ ခုတ်မောင်းပြီး ဓာတ်ယူ ဥယျာဉ်၊ လောင်းယူမြစ် စိုစွတ်မြေဥယျာဉ်နှင့် ရှေးဟောင်းတီန်းနိုင်ငံ မှတ်တိုင်(၃)ခုကို ထောင်လိုက် ချန်ကုမ်သကသိုလ်မြို့မှ ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းသားများအတွက် စနေနေ့တနင်္ဂနွေနေ့တွင် ခရီးသွားရန် အဆင်ပြေအောင် ဆောင်ရွက်ကြောင်း သိရှိရပါသည်။

ယာဉ်စီးရန် လိုအပ်ချက်ရှိပါက ဤသီးခြားဘတ်စ်ကားနှင့် ပတ်သက်၍ ဖုန်းနံပါတ် ၀၈၇၁-၆၇၄၄၁၉၁၄ ဆက်သွယ်ပြီး မေးမြန်းနိုင်ပါသည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်