ယူနန်ထွက် Morehella esculentaကို နိုင်ငံတကာ ဈေးကွက်တွင် လူကြိုက်များသော ကုန်ပစ္စည်း ဖြစ်လာ

2017-02-28 17:59 ရောင်စုံတိမ်တံတား

2017022808_res11_attpic_brief

ကူမင်း ချန်ရွှေ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာ ကုန်ပစည်း ပို့ဆောင်ရေး ဌာန တွင် ကူမင်း လေဆိပ် အကောက်ခွန်ဌာန ကြီးကြပ်မှု ဝန်ထမ်းများသည် စပိန်နိုင်ငံသို့ တင်ပို့ မည့် ယူနန်ထွက် လတ်ဆတ်သည့် Morehella esculentaများကို လက်တွေ့ စစ်ဆေးစဉ်

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကူမင်းလေဆိပ် အကောက်ခွန်ဌာနသည် ဖေဖေါ်ဝါရီလ မှစ ယူနန် ထွက် လတ်ဆတ် သည့် Morehella esculenta တန်ပေါင်း(၅.၇)ကို ဂျာမန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဟော်လန်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ စသည့် အီးယူနိုင်ငံများနှင့် အမေရိကန်နိုင်ငံ ဈေးကွက်သို့ အာမခံ တင်ပို့ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

Morehella esculentaသည် ကြွယ်ဝသော အေမီနိုအက်ဆစ် အမျိုးမျိုးကို ရှိပါ အရသာကောင်းပြီး အဟာရ များ သောကြောင့် ဥရောပနှင့် အမေရိက ဈေးကွက်တွင် အရောင်း ကောင်းကြောင်း၊ ယူနန်ပြည်နယ်ကို လတ်ဆတ်သော Morehella esculenta ထွက်သည့် အဓိကနေရာတစ်ခု ဖြစပြီး Morehella esculentaသည် ယူနန်ပြည်နယ်မှ “နာမည်ကျော်သော အမှို ၄ မျိုး” ထဲတွင် နာမည် အကျော်ကြားဆုံးသော တစ်မျိုး ဖြစ် ကြောင်း၊ တစ်နှစ် တန်ပေါင်း(၁၅၀)ခန့် ထုတ်နိုင်၍ တရုတ်တစ်ပြည်လုံး၏ ၂၀% ရှိပြီး ယခင်က ပြည်ပသို့ Morehella esculentaခြောက်များကို အဓိက တင်ပို့ခဲ့ကြောင်း သိရှိရပါ သည်။

ယူနန် ထွက် လတ်ဆတ်သော Morehella esculenta များကို နိုင်ငံသကာ ဈေးကွက်သို့ ၂၀၁၆ခုနှစ် မှစ ပထမအကြိမ် တင်ပို့ရောင်းချပြီး ဂျာမန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ စသည့် ဥရောပနိုင်ငံများ၊ အမေရိကနိုင်ငံများနှင့် ဒေသများသို့ တင်ပို့ရောင်းချ ခဲ့ကြောင်း၊ ယနှစ်တွင် ယူနန်ထွက် လတ်ဆတ်သော Morehella esculenta များကို နိုင်ငံတကာဈေးကွက် ပိုမို ကောင်းမွန်စွာ ရောင်းချနိုင် ပို့ကုန်များကို တိုးမြှင့်စေရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်