ရှမ်းပြည်နယ်တောင်ပိုင်းခရီးသွားဆိုင်ရာ လမ်းညွှန်စာအုပ်များကို နိုင်ငံခြားဧည့်သည်များအား အခမဲ့ဖြန့်မည်

2017-02-09 18:18 ၇ ရက်နေ့စဉ်သတင်းစာ

ရှမ်းပြည်နယ် တောင် ပိုင်းရှိ ခရီးစဉ်များနှင့် တည်းခိုရန် နေရာများအားလုံး စုစည်းဖော် ပြထားသည့် လမ်းညွှန်စာအုပ်များ ကို ဖေဖော်ဝါရီလဆန်းကစ၍ နိုင်ငံခြားသား ဧည့်သည်များအား အခမဲ့ဖြန့်ဝေမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (တောင်ကြီးဇုန်)မှ သတင်းရရှိ သည်။

‘‘ရှမ်းပြည်နယ် တောင်ပိုင်း တစ်ခုလုံးက ခရီးသွားနဲ့ဆိုင်တဲ့အ ချက်အလက်တွေ၊ ဖုန်းနံပါတ် တွေ၊ လိပ်စာတွေနဲ့ ၀က်ဘ်ဆိုက် တွေ အားလုံးကို စုစည်းပြီး ဖော်ပြ ပေးထားပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းကို လာရောက်လည် ပတ်တဲ့ နိုင်ငံခြားသားခရီးသွား ဧည့်သည် အားလုံးကို အခမဲ့ပေး ဝေသွားမှာ ဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်း (တောင်ကြီးဇုန်) ဥက္ကဋ္ဌ ဦးဇော်ဌေးအောင်က ပြော ကြားသည်။

အဆိုပါ လမ်းညွှန်စာအုပ် များကို ဂျာမန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းတို့က ဦးဆောင် ထုတ်ဝေခြင်းဖြစ်ပြီး ခရီး သွားလုပ်ငန်းရှင်များက ပူးပေါင်း ကူညီခဲ့ကြသည်။

‘‘လေဆိပ်ကို ရောက်တာနဲ့ ရှမ်းပြည်နဲ့ပတ်သက်တဲ့ အချက် အလက်တွေကို သိအောင်လို့ စီ စဉ်ပေးထားတာ ဖြစ်ပါတယ်။ တောင်ကြီး၊ အင်းလေးနဲ့ ဟဲဟိုး တို့က ဟိုတယ်ခရီးသွား ၀န်ဆောင်မှု စင်တာတွေမှာလည်း အခမဲ့ရ ယူနိုင်ဖို့ စီစဉ်ပေးထားပါတယ်’’ ဟု ဦးဇော်ဌေးအောင်က ပြော ကြားသည်။

လမ်းညွှန်စာအုပ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟို တယ်များ၊ ခရီးသွားကုမ္ပဏီများ၊ စားသောက်ဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ ကမ္ဘာ လှည့်ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့ ၀င်များ၏ ဖုန်းနံပါတ်များနှင့် ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များ ထည့်သွင်းဖော်ပြထားပြီး အုပ်ရေ သုံးသောင်းခန့်အထိ ဖြန့် ဝေရန် လျာထားသည်ဟုဆိုသည်။ (By နိုင်လင်းအောင်)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်