ပင်ဦးလွင်မြို့၏ ခရီးသွားလာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြင်ဦးလွင် လမ်းညွှန်မြေပုံ ထုတ်ဝေမည်

2017-01-20 17:03 ၇ ရက်နေ့စဉ်သတင်းစာ

POL

ဓာတ်ပုံ - The Myawady Daily ဓာတ်ပုံ - The Myawady Daily

ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ လည်ပတ်လေ့လာစရာ နေရာများပြားသည့် တောင်ပေါ်မြို့ ပြင်ဦးလွင်၏ ခရီးသွားလာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ရက်တာလေ့လာရေး ခရီးစဉ်များ ပါဝင်သည့် ပြင်ဦးလွင်လမ်းညွှန်မြေပုံကို ယခုလ အတွင်း ထုတ်ဝေသွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ပြင်ဦးလွင်ဇုန် အတွင်းရေးမှူး ကိုဝေဠု၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင် ဇန်န၀ါရီလ ၁၈ ရက်နေ့က ဖော်ပြထားသည်။

ပြင်ဦးလွင် လမ်းညွှန်မြေပုံကို ဟိုတယ်များ၊ လေယာဉ်ကွင်းများ၊ ကားဂိတ်များနှင့် ခရီးသွားလုပ်ငန်း များ မှတဆင့် အခမဲ့ဖြန့်ဝေနိုင်ရန် စီစဉ်နေပြီး ပြင်ဦးလွင်မြို့၌ သဘာဝ မပျက် ရှိနေသည့် နေရာများကို ဖော်ထုတ် ပြီး ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သည့် ခရီးသွားများအနက် ပြည်ပခရီးသွား များထက် ပြည်တွင်း ခရီးသွားများက ပိုမိုများပြားနေသောကြောင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု သည် အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေး သည်ဟု ဆိုသည်။ (မီးမီးမြင့်သူ ကောက်နုတ် တင်ပြသည်။)

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်