၂၀၁၇ခုနှစ် ကောင်စစ်ဝန်ချုပ်များ နှစ်သစ်ကူးပွဲတော် တေးဂီတဖျော်ဖြေပွဲကိုကူမင်းမြို့၌ ကျင်းပခဲ့

2017-01-12 15:48 ရောင်စုံတိမ်တံတား

QQ图片20170112144125

(ရောင်စုံတိမ်တံတား၊ မိုးဦးသဇင်) ၂၀၁၇ခုနှစ် ကောင်စစ်ဝန်ချုပ်များ နှစ်သစ်ကူးပွဲတော် တေးဂီတဖျော်ဖြေပွဲ နှင့် ယဉ်ကျေးမှု ဖန်တီးရေးဖိုရမ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကူမင်းမြို့ ဇီယွင်ချင်းညောင်•ယူနန် ယဉ်ကျေးမှု ဖန်တီးပြသရေးဇုန်၌ ကျင်းပခဲ့ကြောင်း၊ ကူမင်းမြို့အခြေစိုက် ဘဂင်္လားဒေ့ရှ် နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ ၆ နိုင်ငံ၏ ကောင်စစ်ဝန်ချုပ်များသည် ယူနန်လူများအား နှစ်သစ်ကူး ဆုတောင်း မေတ္တာကို ပေးပို့ခဲ့ကြ ကြောင်းသိရှိရပါသည်။

ထိုတေးဂီတဖျော်ဖြေပွဲနှင့် ယဉ်ကျေးမှု ဖန်တီးရေးဖိုရမ်သည် တေးဂီတသီဆိုပွဲနှင့် ယဉ်ကျေးမှု ဖိုရမ်ဖြင့် ယူနန် ပြည်နယ်နှင့် နိုင်ငံအသီးသီး၏ ဆက်ဆံမှုကိုပိုမိုရင်းနှီးစေရန်၊ ချစ်ကြည်ရေး ကိုတိုးမြှင့်စေသည့်အပြင်၊ အဖက်ဖက် ယဉ်ကျေးမှုများနှင့် စီးပွားကုန်သွယ်မှု၏ ဖလှယ်မှု ကိုဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ကြောင်းသိရှိရပါသည်။

ကူမင်းမြို့အခြေစိုက် ဘဂင်္လားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန်ချုပ် Mr.Md Daud Ali၊ ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr.PORNPOP UAMPIDHAYA ၊ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်၊ မလေးရှားနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Dato Siow Chen Pin၊ ကမ္ဘောဒီးယားနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. KRUY LIMHENG၊ လာအိုနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Khamphone Vongsantyတို့သည် သီးခြား၍ အမှာစကားပြောကြား ခဲ့ကြပါသည်။

QQ图片20170112144135

၂၀၁၇ခုနှစ် ကောင်စစ်ဝန်ချုပ်များ နှစ်သစ်ကူးပွဲတော် တေးဂီတဖျော်ဖြေပွဲနှင့် ယဉ်ကျေးမှု ဖန်တီးရေးဖိုရမ်ကို ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ တရုတ် ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ ပြန်ကြားရေး ဌာန၊ ပြည်သူ့နေ့စဉ်သတင်းစာ ပြည်ပဝက်ဘ်ဆိုက်၊ ယူနန်အသံလွှင့်နှင့် ရုပ်မြင်သံကြားဌာန နိုင်ငံတကာချန်နယ်၊ ဇီယွင်ချင်းညောင်•ယူနန် ယဉ်ကျေးမှု ဖန်တီးပြသရေးဇုန်၊ ယူနန်ရှင်းယီလူမှုရေး ယဉ်ကျေးမှု ဖြန့်ဖြူးရေး ကုမ္ပဏီ လီိမီတက်မှ ဦးစီးကျင်းပခဲ့ကြကြောင်း သိရှိရပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်