၂၀၁၆ခုနှစ် တစ်ကမ္ဘာလုံး လမ်းညွှန်ကင်း ခရီးသွားလာရေး အစီရင်ခံစာ ထုတ်ပြန်၊ ယူနန်က ခရီးသည်များ အကြိုက်ဆုံးသော နေရာဖြစ်

2016-12-29 17:41 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၆ခုနှစ် တစ်ကမ္ဘာလုံး လမ်းညွှန်ကင်း ခရီးသွားလာရေး အစီရင်ခံစာ” ကို ထုတ်ပြန် ခဲ့ပါသည်။ ၂၀၁၆ခုနှစ် ခရီးသည်များမှာ အကြိုက်ဆုံးသော ခရီးသွား ရည်မှန်းချက်ပန်းတိုင် အတွင်း ယူနန်ပြည်နယ်သည် ပထမနေရာတွင် တည်ရှိ စီချွမ်သည် ဒုတိယနေရာတွင် တည်ရှိပါသည်       ဖြစ်ကြောင်း။ ယူနန်ပြည်နယ်တွင် ၁၂ရာသီလုံး နွေဦးရာသီလို နွေးထေးလှသော ကူမင်းမြို့၊ ဆိတ်ငြိမ်ငြိမ်းချမ်း ဓာလီ စသော လူကြိုက်များသည့် ခရီးသွားမြို့များ ရှိပြီး လိုကိုးကန်နှင့် မေလီဆီးနှင်းရေခဲတောင် စသော သဘာဝရှုခင်းလည်း ရှိ ပြိုင်ဘက်ကင်းပြီး ကူမင်းလေအိုးကြက်သား စသော နယ်ခံ အစားအစာကောင်း တို့သည် လမ်းညွှန်ကင်း ခရီးသည်များကို ဆွဲဆောင်ပြီး ခရီးသွားလာသည် ဖြစ်ကြောင်း အစီရင်ခံစာ အရ သိရှိရပါသည်။

ထို့ပြင်၊ ၂၀၁၆ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ ယူနန်ပြည်နယ်သည် ပြည်တွင်း ခရီသည်များ (၃၃၂)သန်းကို ဧည်ခံ အချိန်တူကာလထက် (၁၉.၄၂%) တိုးလာသည် ဖြစ်ကြောင်း ယူနန်ပြည်နယ် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ ကိန်းဂဏန်း အရ သိရှိရပါသည်။

 

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်