သတင်းထောက်များက ဟူကူအမြန်ရထား စမ်းသပ်စီးနင်းခဲ့ကြ၊ ကူမင်းမှ ဖူယွမ်မြောက်ဘူတာရုံသို့ ခရီးစဉ် (၄၃)မိနစ် ကြာ

2016-12-20 18:05 ရောင်စုံတိမ်တံတား

570540141767212116

(ရောင်စုံတိမ်တံတား၊ မိုးဦးသဇင်) သတင်းထောက်များက ကူမင်းတောင် ဘူတာရုံမှ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀နာရီ ၀၅မိနစ် တွင် ထွက်ခွာ၍ ဖူယွမ်မြောက်ဘူတာရုံသို့ ရောက်ရှိကာ ဟူကူအမြန်ရထားကို ပထမ ဦးဆုံး စမ်းသပ်စီးနင်းခဲ့ကြပါသည်။ ထိုအမြန်ရထား မောင်းနှင်းရာတွင် အရှိန်အဟုန် တစ်နာရီလျှင် ၃၀၀ ကီလိုမီတာခန့် ရှိ သော်လည်း ယိမ်းထိုးလှုပ်ခါမသက်မသာဖြစ်စေမှု မရှိပါ၊ ရထား၏ပြတင်းပေါက်ခုံပေါ်တွင် ထားသည့် ငွေတစ်လုံးသည်လည်း မလဲကျသည်ဟု သတင်းထောက်များက ခံစားပြီး ပြောပြခဲ့ကြပါသည်။

untitled

ကူမင်းတောင်ဘူတာရုံတွင် အထပ် သုံးထပ်ရှိ၍ ဝင်အထပ်၊ ဖလက်ဖောင်း၊ ထွက်အထပ်ကို ခွဲခြားကြောင်း သတင်းထောင်များမှ တွေ့သည့်အတိုင်း သိရှိရပါသည်။

140059694112830435

ကူမင်းတောင်ဘူတာရုံ စောင့်ဆိုင်းအခန်းမှာ ဝင်ပေါက် (၃)ခု ရှိပြီး ဖြစ်၍ ရထားလက်မှတ် စစ်ဆေးရေးအပေါက် (၃၂)ခု ရှိပြီး ရထားလက်မှတ်စစ်ဆေးရေးစက် (၁၄၄)လုံးကိုလည်း ရှိကြောင်း သတင်းထောင်များမှ တွေ့သည့်အတိုင်း သိရှိရပါသည်။

325058295590863176

ခရီးသည်များသည် ထက်ပေါက်မှ ထွက်ပြီး လိုအပ်ချက်အလိုက် Metro၊ ဘတ်စ်ကား၊ အငှါးကားစသည်တို့များကို ရွှေးချယ်စီးနိုင်ကြောင်း သိရှိရပါသည်။

ထို့ပြင် နောက်နောင် ကူမင်းတောင်ဘူတာရုံ ဒုတိယအထပ်တွင် ဆိုင်များကို ဖွင့်လှစ်ကာ ခရီးသည်များအတွက် ဝန်ဆောင်မှုများကို ပေးကြောင်း သိရှိရပါသည်။

426983049509619050

untitled1

သတင်းထောက်များ စမ်းသပ်စီးနင်းသည့် အမြန်ရထားသည် Harmony ဟူသော အမြန်ရထား ဖြစ်ကြောင်း၊ အတွဲ (၈)တွဲပါဝင်ကာ စီးပွားရေးထိုင်ခုံ (၁၀)လုံးနှင့် ပထမ အဆင့် ထိုင်ခုံ (၂၈)လုံး ရှိ၍ အမြန်းဆုံးသော အရှိန်အဟုန် တစ်နာရီလျှင် (၃၅၀) ကီလိုမီတာ ဖြစ်သည်ဟု အမြန်ရထား ဝန်ထမ်းမှ ပြောပြခဲ့ပါသည်။

784211792764692744

untitled2

ကူမင်းတောင်ဘူတာရုံက ဖူယွမခရိုင်နှင့် (၁၈၀) ကီလိုမီတာ ကွာဝေး၍ ထိုအမြန်ရထား သည် ကူမင်းမြို့မှ ထွက်ခွာ၍ ဖူယွမ်ခမြောက်ဘူတာရုံသို့ နံနက် ၁၀ နာရီ ၄၈မိနစ် တွင် ရောက်ရှိကာ ခရီးစဉ် (၄၃) မိနစ်လောက် ကြာရှည်ကြောင်း သတင်းထောက်များမှ ခံစားသည့်အတိုင်း သိရှိရပါသည်။

00235402d1c019c302734d

untitled3

ထိုအမြန်ရထား အမှတ်(၅) အတွဲတွင် စားသောက်ဆိုင် တည်ဆောင်ကာ အမှတ်(၄) အတွဲ တွင် မသန်စွမ်းပုဂ္ဂိုလ်အတွက် သန့်စင်ခန်းကြီးကို တည်ဆောက်ကြောင်း သိရှိရပါသည်။

87742640139524413

356214345359065522

 

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်