၂၀၁၆ SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲ ၁၇ ရက်နေ့တွင် ကျင်းပ

2016-12-17 22:08 ရောင်စုံတိမ်တံတား

0023244aabb719bf7ca610

(ရောင်စုံတိမ်တံတား၊ မိုးဦးသဇင်) ၂၀၁၆ SCO (ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်း) မာရသွန်အ   ပြေးပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် (၉) နာရီတွင် ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲ အစီအစဉ်အရ ကမ္ဘာနိုင်ငံ (၂၅)နိုင်ငံမှ မာရသွန်အပြေးပြိုင်ပွဲဝင် (၁၆၀၀၀)ကျော်သည် အရောင်မတူသည့် အင်္ကျီကို ဝတ်ထားပြီး ကူမင်း  မြို့ ဟိုင်ကိန် ခန်းမမှ စနစ်တကျ ထွက်ပြေးကာ တိန်းကန်၊ ဟိုင်ကိန်ရေကာတာ၊ တိန်းကန်နိုင်ငံတကာ ပြသရေးစင်တာပါဝင်သည့် ကူမင်းမြို့ရှိ အထင်ကရများကို ဖြတ်ကျော်ပြီး ဟိုင်ကိန်ခန်းမသို့ ပြနပြေးလာကြောင်း သိရှိရပါသည်။

ဤအပြေးပြိုင်ပွဲတွင် Full Marathon (၄၂.၁၉၅ ကီလိုမီတာ)၊ Half Marathon (၂၁.၀၉၇၅ ကီလိုမီတာ)၊ ၁၂.၅ ကီလိုမီတာ၊ ၅ ကိုလိုမီတာနှင့် “SCO Distance” ဟူသော၂၀၁၆ အပြေးကို ရှိကြောင်း သိရှိရပါသည်။

0023244aabb719bf7ca60e

Ethiopiaမှ ပြိုင်ပွဲဝင် Mr.TILAHUN AYELE TARIKUက အချိန် ၂း၂၁း၅၈ ဖြင့် Full Marathon အပြေးပြိုင်ပွဲ အမျိုးသားအဖွဲ့ ချန်ပီယံကို ရရှိခဲ့ကြောင်း၊ Kenyaမှ ပြိုင်ပွဲဝင် Mr.KENNEDY NAIBEIက အမျိုးသားအဖွဲ့ ဒုတိယ နေရာတွင် ရှိခဲ့ကြောင်း၊ Kenyaမှ ပြိုင်ပွဲဝင် Mr.HENRY CHERUIYOT KOSGEIက အမျိုးသားအဖွဲ့ တတိယနေရာတွင် ရှိသော်လည်း တရုတ်နိုင်ငံမှ Mr.Yang Dinghongကတော့ ၂း၂၇း၃၃ ဖြင့် စတုတ္ထနေရာတွင် ရှိ ကြောင်း သိရှိရပါသညါ။

0023244aabb719bf7ca60f

Kenyaမှ ပြိုင်ပွဲဝင် Ms. RODAH JEPKORIR TANUIက ၂း၃၃း၅၀ဖြင့် Full Marathon အပြေးပြိုင်ပွဲ အမျိုးသမီးအဖွဲ့ ချန်ပီယံကို ရရှိခဲ့ကြောင်း၊ Kyrgyzstanမှ Ms. Maslova Dariaက ၂း၂၉း၄၇ဖြင့် ဒုတိယ နေရာတွင် ရှိခဲ့ကြောင်း၊ Ethiopiaမှ ပြိုင်ပွဲဝင် Ms. MESKEREM ABERA HUNDEက ၂း၄၀း၁၉ဖြင့် တတိယနေရာတွင် ရှိသော်လည်း တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင် Ms.Zhang Jingxiaနှင့် Ms. Yao Miaoကတော့ ပထမ ရှစ်နေရာတွင် ရှိခဲ့ ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင် Mr.Dong Guojian၊ Mr.Zong Qinghua၊ Mr.Zhou Boတို့က Half Marathon အမျိုးသားအဖွဲ့ ပထမ သုံးနေရာတွင် ရှိခဲ့ကာ Mr.Zong Qinghuaက ၁း၀၈း၁၅ဖြင့် ချန်ပီယံ ရရှိခဲ့၊ Mr.Zong Qinghuaက ၁း၀၉း၁၅ဖြင့် ဒုတိယနေရာတွင် ရှိခဲ့၊ Mr.Zhou Boက ၁း၁၀း၅၇ဖြင့် တတိယနေရာတွင် ရှိခဲ့ကြောင်း၊ Half Marathon အမျိုးသမီး အဖွဲ့တွင် Kazakhstanမှ ပြိုင်ပွဲဝင် Ms. Zhanatbek Gulzhanaက ၁း၂၁း၂၀ ဖြင့် ချန်ပီယံ ရရှိခဲ့သော်လည်း တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင် Ms.Zhao Zhongmei၊ Ms.Wu Ying၊ Ms.Zheng Yuqiongကတော့ ပထမ ခြောက်နေရာတွင် ရှိခဲ့ကြောင်း သိရှိရပါသည်။

ထိုပြိုင်ပွဲတွင် ဆေးကုနေရာ (၁၂)ခု၊ ကယ်ဆယ်ယာဉ် (၂၉)စီး၊ ဆရာဝန်နှင့် လူနာပြု (၁၆၀) ဦးကို စီစဉ်ခဲ့၍ “၁၂+၂၉+၁၆၀” ဖြစ်သည့် ဆေးကုဖွဲ့စည်းပုံသည် ပြိုင်ဝင် အောင်မြင်စွာ ကျင်းပရန် ထိန်းသိမ်းခဲ့သည်ဟု     ပြောဆိုပါသည်။

ထို့ပြင်၊ ပြိုင်ပွဲတွင် တရားမျှတဖြင့် အပြေးလမ်း တစ်လျှောက်လုံးတွင် ဒိုင်လူကြီး (၃၀၀)၊ တစ်နိုင်ငံလုံး မတူသည့်မြို့ပြမှ အပြေးဦးဆောင်သူ (၇၀)၊ ဓာတ်ပုံရိုက်ဆရာ (၂၀၀)၊ ပြိုင်ပွဲဝင်များအတွက် ဝန်ဆောင်မှုပေးသည့်    စေတနာဝန်ထမ်း (၃၂၀၀)၊ သန်းရှင်းရေးလုပ် သည့်လူ (၅၀၀)ကို စီစဉ်ခဲ့ကြောင်း သိရှိရပါသည်။

ဤပြိုင်ပွဲတွင် အပြေးလမ်းကြောင်း ပျှမ်းမျှခြင်းအားဖြင့် ပင်လယ်ပြင်ထက် အမြင့် (၁၈၉၀) မီတာရှိ၍ ယခုအထိ တရုတ်နိုင်ငံတွင် ပင်လယ်ပြင်ထက် အမြင့် အမြင့်ဆုံးသာ မြို့ပြ Full Marathon ဖြစ်သည်လည်းကောင်း၊ SCOမှ အဆိုပြုသည့် ပထမအကြိမ် မာရသွန် အပြေးပြိုင်ပွဲ ဖြစ်သည်လည်းကောင်း၊ SCOအဖွဲ့နိုင်ငံ (၁၈)နိုင်ငံ   အနေဖြင့် ပထမအကြိမ် စုစည်းကျင်းပသည့် အားကစားယဉ်ကျေးမှု ဖြစ်သည်လည်းကောင်း၊ ယူနန်ပြည်နယ် ကူမင်းမြို့အနေဖြင့် ပထမအကြိမ် ကျင်းပသည့် Full Marathon အပြေးပြိုင်ပွဲ ဖြစ်သည်လည်းကောင်း၊ ကူမင်းမြို့က တစ်နှစ်အတွင်း ထုထည်ကြီးမားသည့် မာရသွန် အပြေးပြိုင်ပွဲ ကျင်ပးသည့်မြို့ပြ ဖြစ်ပြီး Half Marathonမှ Full Marathon အဆင့်တိုး သည့်မြို့ပြ တစ်နိုင်ငံလုံး ပထမတစ်ခု ဖြစ်သည်လည်းကောင်း ပြောဆိုပါသည်။

၂၀၁၆ SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲကို SCO အတွင်းရေးမှူးဌာန၊ ယူနန်ပြည်နယ် ပြည်သူအစိုးရရုံးတို့မှ လမ်းညွှန်ပေးသည့်ဌာနအဖြစ်ထား၍ တရုတ်အားကစားအသင်း၊ ယူနန် အားကစားဌာန၊ ယူနန်ပြည်နယ်        ပြည်သူနိုင်ငံခြားရုံး၊ ကူမင်းမြို့ပြည်သူ နိုင်ငံခြား ရုံတို့မှ ဦးစီးကျင်းပကာ ကူမင်းမြို့ ယဉ်ကျေးမှုနှင့် ရေဒီယို အသံလွှင့်၊ ရုပ်မြင်သံကြား၊ အားကစားဌာ၊ ရှန်ဟိုင်းယီပိုနိုင်ငံတကာ ပြသရေးကုမ္ပဏီလီမီတက်၊ ယူနန်စန်းမြင်    ယဥကျေးမှု ဖြန့်ဖြူးရေး ကုမ္ပဏီလီမီတက်တို့မှ တာဝန်ကျင်းပပြီး ယူနန် ရှန်ဟို ယဉ်ကျေးမှုနှင့်အားကစား ကုမ္ပဏီလီမီတက်မှ ဝါဒဖြန့်သည့်ဌာနအဖြစ် ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

အယ်ဒီတာ: လဲ့ရွေရည် တာဝန်ခံအယ်ဒီတာ: 袁思思
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်