ရန်ကုန်မြို့တော် ကိုယ်စားပြုလိုဂိုဒီဇိုင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဖိတ်ခေါ်

2016-12-09 17:54 ၇ ရက်နေ့စဉ်သတင်း

ရန်ကုန်မြို့တော်ရှိ မြို့အ၀င်တည်နေရာများနှင့် အထင် ကရနေရာများတွင် ဆိုင်းဘုတ်များ ၌ ထည့်သွင်းအသုံးပြုရန် လိုဂိုဒီဇိုင်းပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖိတ်ခေါ်ထားသည်။

ဆုရလိုဂိုဒီဇိုင်းအတွက် ဆု ကြေးငွေကို ဆူးလေရှန်ဂရီလာက ပေးအပ်မည်ဖြစ်ပြီး လိုဂို   ရွေးချယ်ဆုပေးမှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဦးဆောင်လုပ်ကိုင် မည်ဖြစ်သည်။

‘‘သုံးမှာကတော့ ရန်ကုန်လေ ဆိပ်လိုမျိုးနေရာတွေမှာ Welcome to Yangon လိုမျိုး ဆိုင်း ဘုတ်တွေအတွက် သုံးသွားမှာပါ’’ ဟု ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက်ဌာန (YCDC) လက်ထောက် ညွှန်ကြားရေးမှူးဦးလှမင်းက ပြောကြားသည်။

ဆုရလိုဂိုအတွက်ပေးအပ် မည့် ဆုကြေးငွေနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် ဆူးလေရှန်ဂရီလာဟိုတယ်တို့က ထုတ်ဖော်ပြော ကြားခဲ့ခြင်းမရှိပေ။ ‘‘ဆုကြေးကို ထုတ်ပြောထားတာမရှိသေးဘူး။ အံ့သြဖွယ်ငွေသားဆုလို့ပဲ ပြော ထား သေးတယ်။ ရွေးချယ်တာက တော့ YCDC ဘက်ကရွေးချယ်မှာ ပါ’’ဟု ဆူးလေ ရှန်ဂရီလာသတင်း ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ ကပြောသည်။

ပြိုင်ပွဲဝင်လိုဂိုတွင် မြန်မာ နိုင်ငံ၏ တိုးတက်မှုအခန်းကဏ္ဍ တစ်ခုပါဝင်ရမည်ဖြစ်ပြီး ယဉ်ကျေးမှုနှင့် ရိုးရာအမွေအနှစ်တို့ ပေါင်းစပ်ကာ ရန်ကုန်မြို့တော်ကို ကိုယ်စားပြုရမည်ဟု မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။ ကိုယ်တိုင်ဖန်တီး ထားသော လိုဂိုဒီဇိုင်းကို ဒီဇင်ဘာ ၁၆ရက် နောက်ဆုံး ပေးပို့ပြိုင်ဆိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲ အတွက် တင်သွင်းရန် လမ်းညွှန်ချက် ရှစ်ချက်နှင့် တင်သွင်းရန် ပုံစံအမျိုးအစား သုံးခုကို မြို့တော်စည်ပင်က ထုတ်ပြန်ကြေညာခဲ့ သည်။By မြင့်ကျော်လှိုင်

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်