ကက်ကုန်းဘောင်ကြီးကြော်

2016-12-09 17:15 ၇ ရက်နေ့စဉ်သတင်းစာ

Cooking

ဒီတစ်ပတ်တော့ အိမ်သားတွေကို ကိုယ်တိုင်ချက်လက်ရာ ကုန်းဘောင်ကြီးကြော် ချက်ကျွေးနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ကြက်သားကို အတုံးလေးများ တုံး၍ ရေစင်အောင်ဆေးကာ အရသာမှုန့်၊ဆား၊ပဲငံပြာရည် (စားပွဲတင်ဇွန်းတစ်ဝက်) တို့ဖြင့် နယ် ထားပါ။

၂။ အသီးအရွက်များကို မိမိစိတ်ကြိုက်ပုံစံလှီး၍ ရေစင်အောင်ဆေးထားပါ။

၃။ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို လေးစိတ်လှီး၍ ကြက်သွန်ဖြူနှင့်ချင်းကို ဓားပြားရိုက်ထားပါ။

၎။ ဒယ်အိုးထဲတွင်ဆီထည့်၍ အပူပေးပြီး ပူလာလျှင် ကြက်သား များကိုထည့်၍ ဆီပူထိုးပါ။

၅။ အရောင်ပြောင်း၍ အသားမာလာလျှင် ဆယ်ထားပြီး ငရုတ်ပွခြောက်များကို ထည့်ကြော်ပါ။

၆။ ငရုတ်ပွခြောက်များ ကြွပ်လာလျှင် ဆယ်၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ချင်းတို့ကိုထည့်၍ ဆီသတ်ပါ။

၇။ အနံ့မွှေးလာလျှင် ကျန်ပဲငံပြာရည်(စားပွဲတင်ဇွန်းဝက်) နှင့်အသီးအရွက်များထည့်ကာ မီးပြင်းပြင်းနှင့်မွှေပေးပါ။

၈။ ထို့နောက် ကြက်သားအရသာမှုန့်၊ ဆားအနည်းငယ်တို့ ထည့်ကြော်ပြီး အရသာစိတ်ကြိုက်ဖြစ်လျှင် ငရုတ်ပွခြောက်ကြော်နှင့်တွဲ၍ သုံးဆောင် နိုင်ပါပြီ။        
ပါဝင်တဲ့ပစ္စည်းများ

ကြက်သား၃၀ ကျပ်သား

မုန်လာဥနီအနည်းငယ်

ရွှေပဲသီးအနည်းငယ်

ပန်းဂေါ်ဖီအနည်းငယ်

ပြောင်းဖူးအနည်းငယ်

ငရုတ်ပွခြောက်၎ ခု

ကြက်သွန်နီ၁ လုံး

ကြက်သွန်ဖြူ၅ မြွှာ

ချင်းလက်တစ်ဆစ်

ခရမ်းချဉ်သီး၁ လုံး

ပဲငံပြာရည်အပျစ်စားပွဲတင်ဇွန်း ၁ စွန်း

ဆီစားပွဲတင်ဇွန်း ၇ ဇွန်း

Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်