(၃၅) ကြိမ်မြောက် ပုလဲရောင်းချပွဲကျင်းပမည်

2016-12-08 17:28 မြန်မာတိုင်း(မ်)

(၃၅)ကြိမ်မြောက်ပြည်တွင်းပုလဲရောင်းချပွဲကိုနေပြည်တော်၊မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်ရတနာ ဈေးတိုက် တွင် ယခု နှစ် ဒီဇင်ဘာ ၂၁ ရက်မှ စတင်ကာ မြန်မာကျပ်ငွေ စနစ်ဖြင့်သုံးရက်ကြာ ရောင်းချ သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ သိရ သည်။

အဆိုပါပြပွဲသို့ မြန်မာနိုင်ငံသားများ တက်ရောက်ဝယ်ယူနိုင်ပြီး တက်ရောက် ၀ယ်ယူလို သောကုန်သည်များ အနေဖြင့် အာမခံစပေါ်ငွေ ကျပ် ၂၅ သိန်းကို နေပြည် တော်ရှိ ဘဏ် များမှ Payment order ဖြင့် ကြိုတင်ပေးသွင်း ရမည်ဖြစ်ကာ ပြပွဲသို့ တက်ရောက်ရန် မြန်မာ့ပုလဲရုံးချုပ် သို့ ယခုလ ၁၂ ရက်မှစ၍ လျှောက်ထား နိုင်မည် ဖြစ် သည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်