၁၈ နိုင်ငံပါဝင်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး အစာနှင့် ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲ ရန်ကုန်တွင် ကျင်းပမည်

2016-12-06 15:27 ၇ ရက်နေ့စဉ်သတင်းစာ

ရန်ကုန်မြို့တွင် ကျင်းပမည့် စိုက်ပျိုးရေး၊ မွေးမြူရေး အစာနှင့် ဆေးဝါးဆိုင်ရာ ကုန်စည်   ပြပွဲသို့ အမေရိကန် အပါအ၀င် ပြည်ပနိုင်ငံ ၁၈ နိုင်ငံက လာရောက်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ တပ်မတော် ခန်းမတွင် ပြသမည့် စိုက်ပျိုးရေး၊ မွေးမြူရေး အစာနှင့် ဆေးဝါး များ ဆိုင်ရာ ကုန်စည်ပြပွဲ (AGRI LIVESTOCK MYANMAR 2016) ၌ အမေရိကန်၊ တရုတ်၊ ကိုရီး ယား၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ နယ်သာလန်နှင့် ဗီယက်နမ်နိုင်ငံ များက ပါဝင်ပြသ ရန် စီစဉ်နေခြင်းဖြစ်သည်။
ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အ ထိ ကျင်းပမည့် ကုန်စည်ပြပွဲတွင် ပြခန်း ၂၀၀ ကျော်က နောက်ဆုံး ပေါ် တိရစ္ဆာန် ဆေးဝါးများ၊ ဖြည့် စွက်စာများနှင့် အစာထုတ်လုပ် သည့် လုပ်ငန်း များ၊ မွေးမြူရေးခြံ လုပ်ငန်းများနှင့် အသား ထုတ်လုပ် မှုလုပ်ငန်းများ ပြသမည်ဖြစ် ကြောင်း မွေးမြူရေးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘သူတို့တွေ လာရောက်ပြသ တဲ့အခါမှာ ကျွန်တော်တို့ လုပ်ငန်း တွေအတွက် အများကြီး အထောက်အကူဖြစ်ပါ တယ်။ သူတို့ တွေဆီက နောက်ဆုံးပေါ် နည်း ပညာတွေကို ရရှိနိုင်သလို စီးပွား ရေးအတွက် အဆက်အသွယ်တွေ အများကြီးရလိမ့်မယ်လို့ မျှော်လင့်မိ ပါတယ်’’ဟု ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ်မှ အ သားတိုးကြက် မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြပွဲပြသနေစဉ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါးများနှင့်သက် ဆိုင်သော နည်းပညာ ဟောပြောပွဲ များကို ပြည်တွင်း၊ ပြည်ပပညာ ရှင်များက ဟောပြောမည်ဖြစ်၍ ပြန်လည် မေးမြန်း ဆွေးနွေးနိုင်ကြောင်း သတင်းရရှိသည်။By သန်းဌေး

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်