မြိတ်ကျွန်းစုဒေသသို့ ကမ္ဘာလှည့်ခရီးသည်အဝင် ယခင်နှစ်ထက်ပိုများလာ

2016-12-01 15:54 ၇ ရက်နေ့စဉ်သတင်း

tour_1

မြိတ်ကျွန်းစုတစ်နေရာတွင် ခရုကောက်နေသော အမျိုးသမီးနှစ်ဦး ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး ဦးတည်ဆောင်ရွက်နေသည့် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစုဒေသသို့ ယခုနှစ်အောက်တိုဘာအတွင်း ကမ္ဘာလှည့် ခရီးသည် ၁၉၀ ကျော် ဝင်ရောက်လည်ပတ်ရာ ယခင်နှစ်ကာလတူ လာရောက်လည်ပတ်သည့် ဦးရေထက် များပြားလာကြောင်း သတင်းရရှိသည်။

ကမ္ဘာလှည့်ခရီးသွားများ သည် ထိုင်းနိုင်ငံသားပိုင် စက်တပ်ရွက်လှေ အများစုဖြင့် မြိတ် ကျွန်းစုဒေသများသို့ လာရောက် လည်ပတ်ခဲ့ပြီး ကော့သောင်း ခရိုင်ရှိ ခရင်းခွကျွန်း၊ သရဲကျွန်း၊ ကြက်မောက်ကျွန်း၊ လန်ပိကျွန်း၊ လှိုဏ်ဂူကျွန်း၊ ဒုံးရေတံခွန်၊ ဗိုလ်ချိုကျွန်း စသည့် ခရီးစဉ် ၂၅ ခုသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါဒေသသို့ ပြီးခဲ့ သည့် ၂၀၁၅ အောက်တိုဘာ က စက်တပ်ရွက်လှေ ၁၈ စီးဖြင့် ကမ္ဘာလှည့်ခရီးသွား ၁၄၈ ဦး ဝင်ရောက်ကာ ယခုနှစ် အောက်တိုဘာအတွင်း စက်တပ် ရွက် လှေ ၂၅ စီးဖြင့် ခရီးသည် ၁၉၃ ဦး လာရောက်ခြင်းဖြစ်သည်။

အဆိုပါဒေသရှိ သွားလာခွင့်ပြုထားသည့် ကျွန်းစုများသို့ ကမ္ဘာလှည့်ခရီးသည်များ နေ့ချင်း ပြန် (သို့မဟုတ်) ညအိပ်ခရီးစဉ်များ ဖြင့် လာရောက်ကြပြီး အပန်းဖြေ ခြင်း၊ ငါးမျှားခြင်း၊ ရေအောက်ရှုခင်းများ ကြည့်ရှုခြင်း၊ ရေကူး ခြင်း၊ ဆလုံတိုင်းရင်းသားများ၏ ဘဝများ လေ့လာခြင်းတို့ကို လုပ်ဆောင်ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။

1

လက်ရှိ ခရီးသွားရာသီ၌ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလာ ရောက်နိုင်စေရန် အထက်ပါ ဒေသရှိ ကျွန်းစုများတွင် ခရီးသွားဒေသဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာပြည်ထောင်စု အဆင့် ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့အပါအဝင် သက်ဆိုင်သူ များ အားလုံးနှင့်တွေ့ဆုံညှိနှိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားခဲ့သည်။

မြိတ်ကျွန်းစု ဒေသသည် သဘာဝအတိုင်း မပျက်စီးသေး သည့် ခရီးစဉ်ဒေသများအနက် တစ်ခုအဖြစ် နာမည်ကြီး၍ နိုင်ငံ ခြားဧည့်သည်များ စိတ်ဝင်စားမှု များသည့် ဒေသဖြစ်သည်။

၂၀၁၄ အတွင်း မြိတ်ကျွန်းစု များသို့ စက်တပ်ရွက်လှေများဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံ ခြားသားဧည့်သည် ၂,၅၆၂ ဦးရှိ ရာမှ ၂၀၁၅ တွင် ၃,၂၈၄ ဦးအထိ မြင့်တက်လာ ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။ By မင်းဟိန်းကျော်

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်