ရန်ကုန်မြို့၏ ပထမဆုံး ညဈေးတန်း စတင်ဖွင့်လှစ်

2016-11-24 15:08 ၇ ရက်နေ့စဉ်သတင်းစာ

IMG_8819

ရန်ကုန်မြို့တွင် ပထမဆုံးဖွင့်လှစ်သော ညဈေးတန်းကို ယမန်နေ့ညက တွေ့ရစဉ် (ဓာတ်ပုံ − ထက်အာကာ)

အစိုးရက ဦးစီးဖော်ဆောင်ပေး သော ပထမဆုံးညဈေးတန်းကို ရန်ကုန်မြို့ကမ်းနားလမ်း၌ နိုဝင်ဘာ ၂၃ ရက်ည တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အစိုးရသစ်လက်ထက်တွင် ရန်ကုန်မြို့ ၌ ပြည်သူလူထုနေချင်စဖွယ် ပျော်ရွှင်စရာ ကောင်း သည့် မြို့တစ်ခုကဲ့သို့ ခံစားနိုင်ရန်နှင့် ရှေးဟောင်းအမွေအနှစ်များဖြင့် စိမ်းလန်းသည့် စီးပွားရေးမြို့တော်ကြီးဖြစ်ရန် လက်ရှိ တိုင်းဒေသကြီး အစိုးရ အဖွဲ့က ကြိုးစားဆောင် ရွက်နေပြီး ယင်းဆောင်ရွက်မှုအနက် ညဈေးတန်းသည် ပဏာမ မိတ်ဆက်သည့်ခြေလှမ်း တစ်ရပ် ဖြစ်ကြောင်း ဝန်ကြီးချုပ်ဖြိုးမင်းသိန်းက ပြောကြားသည်။

‘‘ကျွန်တော်တို့ ရန်ကုန်မြို့ လယ်ကောင်မှာ ကားတွေကျပ်နေ တဲ့နေရာ၊ ပလက်ဖောင်းတွေ ပေါ် မှာ လမ်းလျှောက် ဖို့ အခက်အခဲ ဖြစ်နေတဲ့အခြေအနေတွေကို ဖြေ ရှင်းဆောင်ရွက် ဖို့အတွက် ပထမ ဦးဆုံး ကျွန်တော်တို့ ဖြေရှင်း ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ လမ်းမဘေးမှာ ဈေးရောင်းသူတွေ ဟာ ပလက်ဖောင်းပေါ်မှာ လမ်း လျှောက်နေတဲ့ သူတွေ အတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်မို့ သူတို့ကို စနစ်တကျ နေရာချထား ပေးခြင်းအားဖြင့် ရန် ကုန်မြို့မှာ နေထိုင်နေတဲ့ မြို့သူ မြို့သားတွေဟာ ပလက်ဖောင်း တွေပေါ်မှာ လွတ်လွတ်လပ်လပ် လမ်းလျှောက်ခွင့်ရသွားမှာဖြစ်ပါ တယ်’’ဟု ညဈေးတန်း အကောင် အထည်ဖော်ရခြင်း၏ ရည်ရွယ် ချက်ကို ဦးဖြိုးမင်းသိန်းက ရှင်း ပြသည်။

ရန်ကုန်မြို့၏ မြို့တွင်းမြို့ နယ်လေးခု (ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်)ရှိ အဓိကလမ်းမ ၁၁ ခု ပေါ်တွင် ဈေးသည်များကို ညဈေးတန်းသို့ ရွှေ့ပြောင်း ခြင်းဖြစ်ပြီး ယင်းအဓိက လမ်း ၁၁ ခုပေါ်တွင် မည်သည့် ဈေးသည်မျှမရှိအောင် ရှင်းလင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင်(၅) ဒေါ်သန်းမြင့်အောင်က ပြောကြား သည်။

‘‘အခု အစိုးရသစ်လက်ထက် မှာတော့ ကျွန်မတို့က မြို့တော် စည်ပင်သာယာရေးအတွက် ကိုယ်ရဖို့တင်ပဲ ကိုယ်ကြည့်တာ မဟုတ်ပါဘူး။ တစ်ဖက်က ပြည် သူလူထုရဲ့စားဝတ်နေရေး နဲ့ ပြည် သူလူထုဘက်ကလည်း ကြည့် ပါတယ်’’ဟု ဒေါ်သန်းမြင့်အောင်က ဆိုသည်။

ညဈေးတန်းကို အထက်ပါ မြို့နယ်လေးခု၏ကမ်းနားလမ်း တစ်လျှောက် မဟာဗန္ဓုလပန်းခြံ လမ်းနှင့်ဘဏ်လမ်း တို့တွင် အ ကောင်အထည်ဖော်ထားခြင်းဖြစ် ပြီး ဈေးသည်များ အသုံးပြု နိုင်ရန် ရေ၊ မီး၊ အမှိုက်သန့်ရှင်းရေး၊ ရေ၊ အိမ်သာတို့ စီစဉ်ပေးထားကာ ညနေ ၃ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ညဈေးတန်းဖွင့်လှစ်ခြင်းအ ထိမ်းအမှတ်အဖြစ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ကမ်းနားလမ်း တစ်လျှောက်ရှိ ဈေးသည်များကို ကြည့်ရှုစဉ် ဈေးသည် တစ်ဦးက ဝန်ကြီးချုပ်အား ညဈေးတန်းနှင့် ပတ်သက်၍ မျှတမှုမရှိကြောင်း၊ အခက်အခဲများ ရှိနေကြောင်း တိုက်ရိုက်တိုင်ကြားခဲ့သည်။

အထက်ပါဈေးသည်၏တိုင် တန်းမှုကို ဝန်ကြီးချုပ်က ဆယ် စက္ကန့်ခန့် နားထောင်ပြီး တိုင်တန်း လိုသည့် အချက် အလက်များကို စာဖြင့် ရေးသားတိုင်ကြားရန် ပြောကြားခဲ့သည်။

အထက်ပါညဈေးတန်းတွင် မီးနှင့် ရေသွယ်တန်းခြင်း၊ လမ်း ဘေးမီးတိုင်များထားရှိခြင်း၊ လုံခြုံ ရေးကင်မရာများ တပ်ဆင်ခြင်း စသည်တို့အတွက် ကျပ်သိန်းငါး ထောင်ခန့် အကုန်အကျခံ လုပ် ဆောင်ခဲ့ပြီး ရန်ကုန်မြို့၌ လမ်း ဘေးဈေးသည်များ ပပျောက်ရန် ညဈေးတန်းများ ဆက်လက်အ ကောင်အထည်ဖော် လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက 7Day Daily သတင်းစာအား ဖြေကြားသည်။

မြို့တွင်းမြို့နယ်လေးခုတွင် လမ်းဘေးဈေးသည် ခြောက် ထောင်ကျော်ရှိသော်လည်း ယခု ဖွင့်လှစ်သည့် ညဈေးတန်းမှာ ဈေးသည်တစ်ထောင့်ခြောက်ရာ ကျော်အတွက်သာ နေရာရှိ၍ သစ်သီးသည်နှင့်စားသောက်ဆိုင် တို့ကို ဦးစားပေးနေရာချခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိသော ဈေးသည်များ မှာ အဓိကလမ်းမ ၁၁ ခုပေါ်တွင် ရောင်းချခွင့်ရှိမည် မဟုတ်ဘဲ နီးစပ်ရာ လမ်းအတွင်းများတွင် ရောင်းချရမည်ဖြစ်၍ အခက်အခဲ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ည ဈေးတန်းတွင် ရောင်းချခွင့်မရ သော ဈေးသည်အချို့က ပြော ကြားသည်။ By ထက်အာကာကျော်

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်