အာလူးလုံးမွမွကြော်

2016-10-27 15:17 ၇ ရက်နေ့စဉ်သတင်းစာ

14445893_10155269810396040_1627837913_n

ဒီတစ်ပတ်တော့ အိမ်သားတွေအတွက် ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ လုပ်စားနိုင်မယ့် အာလူးလုံးကြော်နည်းလေး ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

အာလူး၃၀ ကျပ်သား

ဂျုံမှုန့်တစ်ထုပ်

ကြက်ဥတစ်လုံး

ပေါက်မုန့်ခြောက်မှုန့်အနည်းငယ်

ဆီ၂၀ ကျပ်သား

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ အာလူးများကို ရေစင်အောင်ဆေး၍ ကျက်သည်အထိ ပြုတ်ပေးပါ။

၂။ ထို့နောက် အအေးခံပြီး အခွံနွှာ၍ ခြစ်တံဖြင့်ခြစ်ကာ အရသာမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြင့် ဖွဖွနယ်ထားပါ။

၃။ ကြက်ဥကို ဆားအနည်းငယ်ထည့်၍ ခလောက်ကာ ဂျုံမှုန့်နှင့် ပေါင်မုန့်ခြောက်မှုန့်ကို တစ်ပန်းကန်စီ ခွဲထည့်ထားပါ။

၎။ အာလူးကို အလုံးလေးများလုံး၍ ဂျုံမှုန့်နှင့်လူးပါ။

၅။ ထိုအာလူးလုံးလေးများကို ကြက်ဥထဲသို့နှစ်၍ဆယ်ပြီး ပေါင်မုန့် ခြောက်မှုန့်ကပ်ကာ ရေခဲသေတ္တာထဲတွင် တစ်နာရီခန့် ထည့်ထားပါ။

၆။ ဒယ်အိုးတစ်ခုထဲတွင် ဆီထည့်၍ပူလာလျှင် အာလူးလုံးလေးများ ထည့်ပြီး ရွှေဝါရောင် သန်းသည်အထိ ကြော်ပေးပါ။

၇။ ထို့နောက် ဆီစစ်၍ မိမိနှစ်သက်ရာ ဆော့စ် တစ်မျိုးမျိုးဖြင့် သုံးဆောင် နိုင်ပါပြီ။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်