ယူနန်ပြည်နယ်တွင် ဘဲပြားဖြင့် ချက်သည့် ဟင်းလျာများ

2016-08-10 17:57 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မိုးဦးသဇင်) ဘဲပြားဖြင့် ချက်သည့်ဟင်းသည် ယူနန်ပြည်နယ်တွင် အိမ်မှာ စားနေကျသည့်ဟင်း ဖြစ်ပါ သည်။ ယူနန်ပြည်နယ်၏ ကြာရှည်သော အစားအစာ ယဉ်ကျေးမှုတွင် ဘဲပြား ချက်နည်း သည် များပြားပါသည်။ ဤနေ့တွင် ယူနန်ပြည်နယ်၏ ဘဲပြားဖြင့် ချက် သည့် ဟင်းလျာ များ ကို ပြောပြပါသည်။

thumb

ကျီန်ရွှေ ဘဲပြားကင်။

ကျီန်ရွှေ ဘဲပြားကင်သည် ယူနန်ပြည်နယ် ကျီန်ရွှေခရိုင်၏ ရိုးရာထူးဆန်းသည့် ဟင်း ဖြစ်၍ ဘဲပြား၏ အရွယ်သည် တရုတ်စတုရင်၏ အရွယ်နှင့် တူပါသည်။ ဘဲပြားများကို မီးသွေး ပေါ်တွင် ကင်ရင်း စားနိုင်ပါသည်။ ဘဲပြားကင်၏ ဟင်းခတ်အမွှေအကြိုင်ကို အခြောက်နှင့် အစို နှစ်မျိုး ခွဲခြားပါသည်။ အခြောက်သည် ငရုပ်သီးမုန့်နှင့်ဆားဖြစ်ပါသည်။ အစိုသည် ဆီတိုဖူး ဖြစ်ပါသည်။

thumb-(2)

စီဖျင်ဘဲပြား။

စီဖျင်တွင် ဘဲပြားဖြင့် ချက်သည့်ဟင်းသည် ဧည့်သည်တော်များကို ဧည့်ခံကျွေးမွေးသည့် ဟင်းလျာ ဖြစ်ပါသည်။ စီဖျင် ဘဲပြားချက်နည်းသည် အကြော်၊ အပြုတ်၊ အပေါင်း၊ အကင်ရှိပါသည်။ ၎င်းတို့အနက် စီဖျင်ဘဲပြားကင်သည် လူအကြိုက်ဆုံးသော ဟင်းလျာ ဖြစ်ပါသည်။ လတ်ဆတ်သည့် စီဖျင်ဘဲပြားများကို ၂ရက်-၃ရက်ကြာလှန်း၍ အနံ့နံလာပြီး ကင်ပါသည်။ အနံ့ဆိုးသော်လည်း အရသာ ကောင်းပါသည်။

134849508_14483466779551n

ပေါင်းကျန်းဘဲပြား။

ပေါင်းကျန်းဘဲပြား၏ပုံစံသည် ရိုးရိုးဘဲပြားနှင့် မကွာသော်လည်း ကင်ပြီး ဘဲပြား အထဲတွင် အပျော့ ဖြစ်ခြင်ကြောင့် အမည် ရရှိပါသည်။ ပေါင်းကျန်းဘဲပြားချက်နည်းသည် အကြော်နှင့် အကင် နှစ်မျိုး ရှိပါသည်။ ဟင်းခတ်အမွှေအကြိုင်များကို တို့စားပါသည်။

FpCVEVNViD59_FHNksS0IDkliKaD.jpg%21730x0

ထန်ထမ်ဘဲပြားဝါ။

များသောအားဖြင့် ဘဲပြားသည် အဖြူရောင် ဖြစ်ပါသည်။ သို့သော် ထန်ထမ်မြို့နယ်ထွက် သည့် ဘဲပြားသည် အဝါရောင် ဖြစ်ပါသည်။ ထန်ထမ်ဘဲပြားဝါကို အကြော်၊ အကင်၊ အပြုတ်ဖြင့် ချက်စားနိုင်ပါသည်။ အစိမ်းလည်း တိုက်ရိုက်စားနိုင်ပါသည်။

wKgBpVU97FyAH4TFAAGEqxAc34Q97.groupinfo.w665_500

ဘဲပြားပုတ်။

ဘဲပြားပုပ်သည် ကစော်ဖောက်ခြင်းအားဖြင့် အပေါ်တွင် မွေးဖြူများကို ပေါက်လာသည့် ဘဲပြား ဖြစ်ပါသည်။ ဘဲပြားပုပ်များကို ဆီဖြင့် ကြော်ပြီး ကြက်သွန်မြိတ်၊ ဂျင်း၊ သကြားမုန့်၊ အသားဟင်းချို၊ ငန်ပြာရည်စသည့်တို့ဖြင့် ကြော်စားပါသည်။

20120630085844395

ရေတူဖူး။

ရေတူဖူးကို တိုက်ရိုက်စားနိုင်ပါသည်။ ကြည်သွန်ဖြူ၊ ငရုပ်သီးမုန့်ဆီ၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငန်ပြာရည်၊ ရှာလကာရည်ကို ထည့်ပြီး စားနိုင်ပါသည်။

20309624_113946866000_2

ဘဲပြားပြုတ်။

ဘဲပြားနှင့် ကြက်သွန်ဖြူ ပြုတ်စားပါက အအေးမိ ကုသနိုင်ပါသည်။ ကြက်သွန်မြိတ်နှင့် ကြော်စားပါက ဖျဉ်းစွဲနာ ကုနိုင်ပါသည်။ မုန်လာဥနှင့် ပြုတ်စားပါက ချွဲဆို့ခြင်းကို ကုနိုင်ပါ သည်။ သကြားနီနှင့် ပြုတ်စားပါက သွေးအန်ခြင်းကို ကုနိုင်ပါသည်။

19719628_055057303000_2

ဘဲပြားခြောက်။

ဘဲပြားခြောက်သည် ဆား၊ စမုန်စပါး၊ မယားနင်း၊ ဂျင်းခြောက်စသည်တို့နှင့် ကြော်စားပါသည်။

135030494_14533477798961n

လူနန်ဆီတူဖူး။

လူနန်ဆီတူဖူးကို ဘဲပြားပုပ်ဖြင့် လုပ်ထားပါသည်။ ဘဲပြားပုပ်ကို နေရောင်အောက်တွင် လှန်းပြီး အရက်ဖြူထဲတွင် စိမ်ပြီး သကြားမုန့်၊ ဆား၊ ငရုတ်သီးမုန့်၊ စမုန်စပါးမုန့်၊ မယားနင်းမုန့်ဖြင့် ဖုန်း၍ ဟင်းရွက်ဆီကို ထည့်ပါသည်။ လူနန်ဆီတူဖူးသည် ယူနန်ပြည်နယ် ၏ နာမည်ကျော်သည့် ငန်ပြာရည်စိမ်ဟင်းသီးဟင်းရွက် ဖြစ်ပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်