ယူနန် အစားအစာများကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ပြသခဲ့၊ လတ်ဆတ်သော တောမှိုများက လူများ အကြိုက်ဆုံသော အစာ ဖြစ်

2016-07-07 22:27 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံးနှင့် တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးတို့မှ ဦးစီး ကျင်းပခဲ့ သည့် ယူနန် အစားအစာ ပြပွဲကို ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့ အထိ ဗန်ကောက်မြို့တွင် ကျင်းပခဲ့ပါသည်။ ကြွယ်ဝများပြားသော ယူနန် အစားအစာသည် ချီးကျူးခြင်း ရရှိယူနန်ပြည်နယ်နှင့် ထိုင်းနိုင်င်တို့၏ ချစ်ကြည်ရေးကို ပိုမို ဖွံ့ဖြိုးတိုးတက် စေပါသည်။

အစားအစာ ပြပွဲ ကျင်းပ ရာတွင် Truffle၊ Matsutake၊ Termite Mushroom၊ Thelephora Tremellodon gelatinosum၊ Morehella esculenta စသည့် လတ်ဆတ်သော ရာသီလိုက် တောမှိုများဖြင့် ချက်ပြုတ်သော ယူနန် အစားအစာ၊ ကော်ချောင် မီးရှည်နှင့် ပန်းပွင့်ကိတ်မုန့် စသည့် အစားအစာများကို ဧည်သည်တော်များသည် ချီးကျူးခဲ့ကြပါသည်။ ယူနန် တိုင်းရင်းသား အရုပ်များ၊ ကာတွန်းရုပ်များနှင့် ထိုင်းနိုင်ငံထွက် ထူးခြားချက်ရှိသည့် ပန်းမန်း များ၊ သစ်သီးသစ်နှံများကိုလည်း ပြသပါသည်။ ထို့ပြင်၊ ယူနန် ရိုးရာ တေးဂီတနှင့် ဝါဒဖြန့်ချီ ရန့်ခရီးသွား ဗီဒီယိုများကိုလည်း အသံလွှင်း ခဲ့ပါသည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်