အိမ်သူအိမ်သားများနှင့် နှစ်သစ်ကူး အကြိုနေ့ညစာ အတူတူ စားရန် မြန်မာ့ မိန်းကလေးမှာ ရွှေလီမြို့သို့ (၃)ကြိမ် လာ

2016-02-25 17:30 ရောင်စုံတိမ်တံတား

玛宁莱薇和朋友_副本

မနှင်းဝေလှိုင်နှင့် မိတ်ဆွေများ

玛宁莱薇和同学们一起旅游_副本

မနှင်းဝေလှိုင်နှင့် ကျောင်းသူကျောင်းသားများ

ရောင်စုံတိမ်တံတားလဲ့ရွှေရည်နှစ် တရုတ်နှစ်သစ်ကူး အကြိုနေ့ နံနက်တွင် ဦးလေး၊ အန်တီနှင့် နှစ်သစ်ကူး အကြိုနေ့ညစာကို အတူတူစားနိုင်ရန် မြန်မာ့ မိန်းကလေး မနှင်းဝေလှိုင်နှင့် မေမေတို့သည် မြန်မာနိုင်ငံ မူဆယ်မှ ထွက်ခွာရွှေလီမြို့သို့ မြန်မြန်သွားခဲ့သည်။ ဦးလေး၊ အန်တီတို့သည် ရွှေလီမြို့တွင် (၅)နှစ်ကြာ အရောင်းအဝယ်လုပ် သောကြောင့် နှစ် ရွှေလီမြို့တွင် အထက်တန်းကျောင်း တက်နေသော မနှင်းဝေလှိုင်သည် ဤနေရာတွင် တရုတ် နှစ်သစ်ကူး ပွဲတော်နေ့ (၃)ကြိမ် ကူးခဲ့သည်။

မနှင်းဝေလှိုင်၏ ဇာတိမှာ မူဆယ် ဖြစ်၍ ရွှေလီမြို့နှင့် နီးစပ်သည်။ ရွှေလီမြို့တွင် (၃)နှစ် အတွင်း နှစ်တိုင်း တရုတ်နှစ်သစ်ကူး အကြိုနေ့ နံနက်တွင် မနှင်းဝေလှိုင်နှင့် အိမ်သူအိမ်သားများသည် မူဆယ်မှ ထွက်ခွာဦးလေး၊ အန်တီနှင့် စုစည်းလာသည်၊ နှစ်သစ်ကူး အကြိုနေ့ညစာ အတူတူ ချက်ပြု၍ အတူတူ စားကြသည်။ လွန်ခဲ့သော (၂)နှစ် ထဲတွင် သူမ၏ ဖေဖေမေမေ၊ ဖွားဖွား၊ ကိုကိုနှင့် မောင်လေးတို့ သည်လည်း အတူတူ လာကြသည်၊ ပြီးနောက် မူဆယ်သို့ အတူတူ ပြန်ကြသည်။

နှစ် နှစ်သစ်ကူး အကြိုနေ့ညစာကို မေမေနှင့် အန်တီ အတူတူ ချက်ပြုသည်”၊ နှစ်သစ်ကူး အကြိုနေ့ညစာ ချက်ပြု သောအခါ မနှင်းဝေလှိုင်လည်း ဘေးနားတွင် ဟင်းသီးဟင်းရွက်များကို ဆေးကြောသန့်စင်သည်။ ကျွှန်မလဲ ချက်တတ်တယ်၊ ဒါပေမဲ့ အရမ်း သာမန် ပါဘဲ”၊ မနှင်းဝေလှိုင်သည် နှမ်းစပ်သော ပုစွန်များကို ကြိုက်စား၍ ခါတိုင်း အများကြီး စားနိုင်သည်။

မနှင်းဝေလှိုင် အတွက်၊ တရုတ်နှစ်သစ်ကူးပွဲတော်နေ့၏ အနက်အဓိပ္ပါယ် အများကြီးရှိသည်၊ ကျောင်းတက် မလို၊ စားစရာ များများရှိတယ်၊ မင်္ဂလာကြေး ရနိုင်ပါတယ်၊ မတွေ့ရတာ အတော်ကြာတဲ့ အိမ်သူအိမ်သားများ၊ ဆွေမျိုးများ၊ မိတ်ဆွေများနဲ့ စုစည်း နိုင်ပါတယ်၊ ဒါက အနက်အဓိပ္ပါယ် အကုန် ဖြစ်ပါတယ်။

မြန်မာ့ နှစ်သစ်ကူးပွဲတော်နေ့ (သင်္ကြန်ပွဲတော်) နှင့် တရုတ်နှစ်သစ်ကူးပွဲတော်နေ့ များ၏ အနက်အဓိပ္ပါယ် တူသည်၊ “နှစ်ဟောင်းမှ ထွက်ခွာပြီး နှစ်သစ်ကို ကြိုဆိုသော ပွဲတော်နေ့ ဖြစ်တယ်။” ရွှေလီမြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော်ထက် သင်္ကြန်ပွဲတော် ပိုမို စည်ကားသည်၊ ရွှေလီမြို့တွင် အခြားဒေသလူ များသောကြောင့်၊ တရုတ် နှစ်သစ်ကူး ပွဲတောနေ့ ရောက်အချိန် သူတို့ အိမ်ပြန်၍ မိမိ၏ အိမ်သူအိမ်သားနှင့် စုစည်းသောကြောင့် ဖြစ်သည်။ ဈေးတန်းတွင် ဆိုင်အများကြီး ပိတ်ထား၍ အလွန် ဆိတ်ငြိမ်သည်။

တရုတ်နှစ်သစ်ကူးပွဲတော်နေ့မှာ မိတ်ဆွေနဲ့ အတူတူ နေတယ် (ရွှေလီမိတ်ဆွေ၊ မြန်မာမိတ်ဆွေ ပါဝင်) ” ဟု မနှင်းဝေလှိုင် ပြောဆိုပါသည်။ ရွှေလီမြို့တွင် (၃)နှစ်ကြာ ကျောင်းတက် ရာတွင် မနှင်းဝေလှိုင်သည် ကျောင်းသူကျောင်းသား များများ တွေ့ဆုံ၍ မိမိ၏ တရုတ် ချစ်ကြည်ရေး ရသည်။ တရုတ်နှစ်သစ်ကူးပွဲတော်နေ့တွင် သူမ မိတ်ဆေများနှင့် အတူတူ ဈေးသွားပစ္စည်း ဝယ်သည်။

ထို့ပြင်၊ တရုတ်နှစ်သစ်ကူးပွဲတော်နေ့ မတိုင်မီ မနှင်းဝေလှိုင်လည်း အိမ်သူအိမ်သား များနှင့် နှစ်ချိုးစပ် စာတန်း၊ ဗြောက်အိုး၊ မီးရှူးမီးပန်း စသော နှစ်သစ်ကူး ကုန်ပစ္စည်း အမျိုးမျိုးများကို အတူတူ သွားဝယ်သည်။ နှစ် တရုတ်နှစ်သစ်ကူးပွဲတော်နေ့တွင် ဦးလေး၊ အန်တီတို့သည် မနှင်းဝေလှိုင် အတွက် အဝတ်သစ်သစ် ဝယ်ပေးသည်။ “အရောင် အမျိုးမျိုး ရှိတယ်၊ ဒါပေမဲ့၊ အားလုံး အနီရောင် ဖြစ်တယ် မဟုတ်ဘူး။

တရုတ် နှစ်သစ်ကူး ပွဲတော်နေ့တွင် တရုတ်လူသည် နှစ်သစ်ကူး အဆိုအက ဖျော်ဖြေပွဲကို ကြည့်ရမည်၊ “ကျွှန်မ အိမ်ထဲက လူကြီးများက နှစ်သစ်ကူး အဆိုအက ဖျော်ဖြေပွဲ ကြိုက်တယ်၊ ဒါပေမဲ့၊ ကလေး မကြိုက်ဘူး။

တရုတ် နှစ်သစ်ကူး ပွဲတော်နေ့မှာ မင်္ဂလာကြေး ရနိုင်တယ်၊ ဒါက အပျော်ဆုံး ဖြစ်တယ်။နှစ်တိုင်း မနှင်းဝေလှိုင်သည် နှစ်နိုင်ငံမှ မင်္ဂလာကြေး ရနိုင်တယ်၊ ဦးလေး၊ အန်တီတို့ ပေးသော တရုတ်ယွမ်ငွေ ရှိသည်၊ ဖေဖေမေမေ ပေးသော မြန်မာငွေ လည်း ရှိသည်။ နှစ်တိုင်း မနှင်းဝေလှိုင်သည် မင်္ဂလာကြေးများကို စုဆောင်း စားစရာ၊ ကစားစရာ ဝယ်သည်။ “ကလေး၏ တရုတ် နှစ်သစ်ကူး ပွဲတော်နေ့ကို အကြိုက်ဆုံး ဖြစ်တယ်၊ ပိုများတဲ့ မင်္ဂလာကြေး ရနိုင်တယ်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်