၂၆ရက်နေ့၊ မာကျောင်း အမြန်ပြေးလမ်း စတင်လမ်းပေါက်၊ ယူနန်တောင်ပိုင်းမှ မြောက်ပိုင်းသို့ အမြန်ပြေးလမ်းများရှိ

2015-12-24 16:28 ရောင်စုံတိမ်တံတား

50314_500x500_副本

မာကျောင်းအမြန်ပြေးလမ်း

50316_500x500_副本

မာကျောင်းအမြန်ပြေးလမ်း

50318_500x500_副本

မာကျောင်းအမြန်ပြေးလမ်း

ရောင်စုံတိမ်တံတားလဲ့ရွှေရည်မာကျောင်း (မာလျူဝမ်း - ကျောင်းထုံး) အမြန်ပြေးလမ်းသည် ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လယ်တွင် စတင် လမ်းပေါက်မည် ဟု ၂၂ ရက်နေ့တွင် သတင်းထောက်က မာကျောင်း အမြန်ပြေးလမ်း စီမံတည်ဆောက်ရေး ဌာနမှ သတင်းအရ သိရှိရပါသည်။ မာကျောင်း အမြန်ပြေးလမ်းမှ လမ်းမကြီး စလုံး စုစုပေါင်း (၁၀၅) ကီလိုမီတာ ရှည်သည်၊ မီတာ (၅၀၀) ကျော်ဖြစ်သော တံတားလိုဏ်ခေါင်းသည် စုစုပေါင်း (၄၂)ကီလိုမီတာ ရှိသည်၊ Minibus များသည် ခရီးစဉ် တစ်ခုလုံး (၉၃)ယွမ် ဖြစ်၍ ပျမ်းမျှခြင်းအားဖြင့် တစ်ကီလိုမီတာသွားလျှင် (၀.၈၇)ယွမ် ဖြစ်သည်။

အမြန်ပြေးလမ်း အခြေအနေများ အရ၊ မာကျောင်း အမြန်ပြေးလမ်းတွင် Minibus ၏ မြန်နှုန်းသည် တစ်နာရီလျှင် (၁၁၀) ကီလိုမီတာ နှင့် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀) နှစ်မျိုး ရှိ၍ Large car ၏ မြန်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ (၈၀) ဖြစ်သည်။ ဘေးကင်းလုံခြုံရေး အတွက် မီးလိမ္မော်ဝါရောင်များကို တပ်ဆင်ပြီး ယာဉ်များသည် သက်သက်သွားရန် သတိပေးသည်။

ယခုအခါ မာကျောင်း အမြန်ပြေးလမ်း နှစ်ဘက်တွင် စီစဉ်ထားသော ဝန်ဆောင်မှုစင်တာနှင့် ကားရပ် နေရာ (၈)ခုကို တည်ဆောက်နေ၍ စတင်သုံးစွဲလျှင် နှစ်ဝက်ကြာ လိုအပ်သည်။

အယ်ဒီတာ: မိုးဦသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်