ငွေဆောင်ကမ်းခြေတွင် ပင်လယ်ရေအောက်ရှုခင်းများကို ရေငုပ်ကြည့်ရှုနိုင်မည့် ဝန်ဆောင်မှု စတင်

2015-12-24 16:10 ၇ ရက်နေ့စဉ်သတင်းစာ

维桑海滩潜水

ပင်လယ်ရေအောက် ရေငုပ်နေသူတစ်ဦး။(ဓာတ်ပုံ-Myanmar Dive Center)

ပင်လယ် ရေအောက် ရှုခင်းများ ကြည့်ရှုနိုင်မည့် ရေအောက် အသက်ရှူ ကိရိယာဖြင့် ရေငုပ်ခြင်း (Scuba Diving)ကို ငွေဆောင်ကမ်းခြေ၌ စတင် ပြုလုပ် နိုင်ပြီ ဖြစ်ကြောင်း Myanmar Dive Center ကုမ္ပဏီမှ သတင်း ရရှိသည်။

‘‘ကမ်းခြေ ကနေ နာရီဝက်ကျော်လောက် သင်္ဘောငယ်နဲ့ သွားပြီး ရေအနက် ပေ ၆၀ လောက် ရှိတဲ့ နေရာမှာ ရေငုပ်နိုင်ဖို့ အတွက် ဝန်ဆောင်မှု ပေးသွားမှာပါ။ ကမ်းခြေကို လာပြီး လည်တဲ့ နိုင်ငံခြားသား ခရီးသွား ဧည့်သည် တွေက ပိုပြီး စိတ်ဝင်စား ကြမယ် လို့မျှော်လင့် ပါတယ်’’ဟု Myanmar Dive Cen-ter ကုမ္ပဏီမှ မန်နေဂျာကို ရှုပသက်ဝေက ပြောသည်။

Myanmar Dive Center သည် ပင်လယ် ရေအောက်တွင် ရေငုပ်၍ ရှုခင်းများ ကြည့်ရှုခြင်းကို လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၂၀ နှုန်းဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပြီး ခရီးစဉ် တစ်ခုလျှင် အနည်းဆုံး လူနှစ်ဦး မှ အများဆုံး လူခြောက်ဦးခန့်သာ လက်ခံ ပေးမည် ဟုဆိုသည်။

‘‘ဒေါ်လာ ၁၂၀က ရေငုပ်တဲ့ ခရီးစဉ် တစ်ခုလုံး အတွက် အပြီးအစီး စရိတ် ဖြစ်ပါတယ်။ အဲဒီမှာ ရေငုပ်တဲ့ အခါမှာ အဆင်ပြေစေဖို့ လမ်းညွှန် ပေးမယ့် Guide တစ်ယောက်လည်း ထားပေးမှာ ဖြစ်သလို ရေငုပ်ပြီးရင် စားသုံးနိုင်ဖို့ အသီးအနှံနဲ့ ရေဘူးတွေကိုလည်း သင်္ဘောပေါ်မှာ အခမဲ့ စီစဉ် ပေးထားပါတယ်’’ ဟု ကိုရူပသက်ဝေက ပြောသည်။

ပင်လယ် ရေအောက် ရှုခင်းများ ကြည့်ရှုခြင်းကို ငွေဆောင်ကမ်းခြေ အနီး ငှက်ကျွန်းနှင့် တောင်ကြားရှည် နှစ်နေရာတွင် စီစဉ် ပေးထားကာ ဘေးကင်း လုံခြုံရေး အတွက် လိုအပ်သည့် အသက်ကယ် ပစ္စည်းများကို လည်း အသင့် ထားရှိပေးမည် ဖြစ်ကြောင်း သိရှိရသည်။

Myanmar Dive Centerကို ငွေဆောင်ကမ်းခြေရှိ Sunny Paradise ဟိုတယ် အနီးတွင် ဖွင့်လှစ် ထားသည်။ (By နိုင်လင်းအောင်)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်