တရုတ်-လာအို ရထားလမ်းမှ Boten-ဗီယင်ကျန်းလမ်း စတင်ဖောက်လုပ်၊ (၆) နှစ်ကြာပြီး မီးရထားဖြင့် လာအိုသို့ သွားနိုင်

2015-12-02 17:07 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တရုတ်-လာအို ရထားလမ်းမှ လာအိုနိုင်ငံအတွင်း Boten-ဗီယင်ကျန်း ရထားလမ်းကို ဒီဇင်ဘာလ လဆန်းတွင် စတင် ဖောက်လုပ်မည် ဖြစ်ကြောင်း၊ တစ်နာရီလျှင် မြန်နှုန်းသည် ကီလိုမီတာ (၁၆၀) ဖြစ် (၅)နှစ်ကြာ ဆောင်ရွက်ရန် ခန့်မှန်းထာကြောင်း သက်ဆိုင်ရာ ဌာနမှ သိရှိရပါသည်။ ၎င်းကို ဖောက်လုပ်ပြီးစီးပြီး ယူနန် ခရီးသည်များက မီးရထားနှင့် လာအိုနိုင်ငံသို့ ခရီးသွားနိုင်သည်။

တရုတ်-လာအို ရထားလမ်းမှ Boten-ဗီယင်ကျန်းလမ်းက လာအိုနိုင်ငံတွင်းရှိကြောင်း၊ တွင် တရုတ်-လာအို နယ်စပ်ဒေသ Boten မှစ၍၊ လာအိုနိုင်ငံ မြောက်ပိုင်းဒေသရှိ Luang Namtha၊ Oudomxay၊ LangPrabangဗီယင်ကျန်း ပြည်နယ်တို့ကို ဖြတ်သန်းပြီး ဗီယင်ကျန်းမြို့အထိ ရောက်ရှိကြောင်၊ စုစုပေါင်း (၄၂၇) ကီလိုမီတာ လောက် ကွဝေး ကြောင်း သိရှိရပါသည်။

တရုတ်-လာအို ရထားလမ်းက လာအိုနိုင်ငံအတွင်း ပထမတစ်ကြောင်း ခေတ်မီသော ရထားလမ်းဖြစ်၍ တရုတ်နိုင်ငံ ၏ နည်းပညာနှင့် ပစည်း ကိရိယာများကို အသုံးပြုသည့် လမ်းကြောင်း တစ်ကြောင်းဖြစ် သည်။

Boten-ဗီယင်ကျန်း ရထားလမ်း တစ်လျှောက်လုံမှာ (၈၀)ရာခိုင်နှုန်းက တောင်ယာမြေနှင့် ကုန်းပြင်မြင့် ဖြစ်သည်။ ရထားလမ်းသည် အဆင့်(၁) တစ်ကြောင်းသွားလိုင်း ဖြစ် သည်၍ ယခုတလော ဘူတာရုံသစ် (၃၃)ခုကို တည်ဆောက်ကာ ပဏာမအချိန်ကာလတွင် (၂၁)ခုကို ဖွင့်လှစ်ပြီးနောက် ကျန်ရစ်သော (၁၂)ခုကို ဖွင့်လှစ်မည် ဖြစ်ပါသည်။

တရုတ်-လာအို ရထားလမ်းက တရုတ်နိုင်ငံတွင် ကူမင်း-ယူရှီး-Boten ဖြစ်သည်။ ကူမင်းမှ ယူရှီးသို့ ရထားလမ်း ၏ အဆင့်အတန်းနှင့် မြန်နှုန်း အကန့်အသတ်ကြောင့် ၎င်းကို တိုးချဲ့ဆောင်ရွက်နေ၍ ၂၀၁၆ခုနှစ် ဒုတိယ နှစ်ဝက်တွင် တိုင်းထွာစမ်းသပ် လုပ်ပြီး စတင် သွားလာ ခုတ်မောင်နိုင်မည် ဖြစ်သည်။

တရုတ်-လာအို ရထားလမ်းမှ ပြည်တွင်း ယူရှီး-Boten ရထားလမ်းသည် သြဂုတ်လတွင် စတင် တည်ဆောက် ပြီး (၆)နှစ်ကြာ တည်ဆောက်ရန် ခန့်မှန်းဟု ကူမင်း ရထားလမ်း ဌာနမှ သိရှိရပါသည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်