မြန်မာ အမျိုးသမီး သည် လုပ်ငန်းကို ကူမင်းမြို့၌ စတင်တည်ထောင် ချင်ဆ ငန်ပြာရည်ကို မိမိဖန်တီးပြီး စာတော်ချက် ဖြစ်

2015-09-25 17:15 ရောင်စုံတိမ်တံတား

王清霞3水

ဝမ်ချင်းရှာနှင့် မိမိ၏ မြန်မာ အကင်ဆိုင်

(ရောင်စုံတိမ်တံတား၊ မိုးဦးသဇင်) နေ့တိုင်း ညနေ မိုးမမှောင်မီ ဝမ်ချင်းရှာက အစားအစာများကို ပြင်ဆင်ပြီးဖြစ်သည်။ ဝမ်းချင်းရှာ၏ဆိုင်မှာ “မြန်မာလေး” ဟုခေါ်ဆိုသည့် အကင်ဆိုင်ဖြစ်သည်။ ဤဆိုင်သည် ကူမင်းမြို့ တောင်အာရှ ညဈေးတွင် တည်ရှိပါသည်။ ဆိုင် က ၁၃ စတုရန်းမီတာသာရှိ သည်။

ယခင် (၆) လတုန်းက အသက် ၂၄ နှစ်ရှိ ဝမ်ချင်းရှာက ချစ်မေတ္တာအတွက် ကူမင်းမြို့သို့ ရောက်ရှိပြီး မိမိကိုယ်ကို၏ လုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့ပါသည်။ ဝမ်ချင်းရှာက အကင်ဆိုင်၏ သူဌေးမ၊ စားတော်ချက်၊ ဝန်ထမ်းဖြစ်ပါသည်။

王清霞1水

ဝမ်ချင်းရှာက မုန့်ကို လုပ်နေစဉ်

ဝမ်ချင်းရှာက ခင်ပွန်းလောင်းနှင့် ကူမင်းမြို့သို့ ယနှစ် မတ်လတွင် ရောက်စဉ် မည်သည့် ဟင်းလျာမှ မချက် တတ်သော်လည်း ဟင်းချက်ခြင်းကို စိတ်ဝင်စားသဖြင့် ဆိုင်ခန်းလေးကို ငှားရမ်းပြီး ကူမင်းမြို့ရှိ လုပ်ငန်းကို စတင် တည်ထောင်ပြီး ဖြစ်ပါသည်။

အရပ် ရှည်ရည်၊ အားကစားဝတ်စုံ ဝတ်ပြီး ခါးကြာမှာ ပိုက်ဆံအိတ်ကို ဆွဲထားခြင်းကြောင့် သူဌေးမအစစ် တစ်ဦး ဖြစ်ပါသည်။

“ကူမင်းကို ရောက်တုန်းက ကျွန်မက ဆိုင်ဖွင့်ဘို့ ဘာမှ မသိဘူ၊ ဘာမှ မလုပ်တတ်ဘူး။ ကျွန်မက ကိုယ်ဟာကို စမ်းသပ်ပါတယ်။ ပစ္စည်းများကို လျှောက်ဝယ်တယ်။ အကင်စက် (၄) လုံးကို ဝယ်တယ်။ အခုမှ မသုံးသေးဘူး။” ဟု ဝမ်ချင်းရှာက ပြောဆိုခဲ့ပါသည်။

လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရန် အခက်အခဲများပြားပါသည်။ အထူးသဖြင့် အကင်ဆိုင်ကို လုပ်ကိုင် ဆောင်ရွက်သည့်သူ အတွက် ပိုမိုခက်ခဲပါသည်။ ညမှာ အလုပ် လုပ်ခြင်း၊ ဟင်းလျာ အရသာ ကောင်း သည့် ဟင်းလျာများကို ချက်ခြင်းစသည်တို့သည် ဝမ်ချင်းရှာအတွက် ပင်ပန်းပါသည်။ “သအားပင်ပန်းတယ်။ ကျွန်မက ဆက်မလုပ်ရင် ရင်းနှီးတဲ့ငွေများ အလကားဘဲ။” ၎င်းက ပြောသည်။

သို့သော် ယခု ဤဆိုင်က ဖောက်သည်များကို ဆွဲဆောင်ပါသည်။ မကြာသေးမီ သူက ဆိုင်းခန်းကြီး တစ်ခန်းကို ငှာရမ်းပြီး ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ဝမ်ချင်းရှာက ပြောသည်။ “အခု ကျွန်မက အကုန်လုံး လုပ်တတ်ပေမဲ့ ကူမင်းမြို့ မလာခင် ကျွန်မက ထမင်းနဲ့ဟင်းကို လုံးဝ မချက်တတ်ဘူး။” ဟု ၎င်းက ပြောသည်။ ဤအကင်ဆိုင် ဆက်လက် ဖွင့်လှစ်ရန် အတွက် နေ့တိုင်း ဝမ်းချင်းရှာက ဟင်းလျာများ၏ အရသာကို လေ့လာခဲ့ပါသည်။ အခေါက်ခေါက် စမ်းသပ်ခြင်းအားဖြင့် ဟင်းလျာ၏ အရသာသည်လည်း တဖြည်းဖြည်း ကောင်းလာပါသည်။

王清霞2水

မြန်မာဟင်းရွက်နှင့်ငါးကင်ထုပ်

အကင်ဆိုင်ကို စတင် ဖွင့်လှစ်ရာတွင် ဝမ်ချင်းရှာက မြန်မာဟင်းရွက်နှင့်ငါးကင်ထုပ်၊ ကြက်ခြေထောက်သုတ် နှင့် သင်္ဘောသီးထောင်းသာ ချက်တတ်ပါသည်။ ဟင်းရွက်နှင့် ငါးကင်ထုပ်ကို ဤဆိုင်၏ အကောင်းဆုံးသော ဟင်းလျာ တစ်မျိးအဖြစ် ဆောင်ရွက်ပါသည်။ အထူးသဖြင့် ဤဟင်း၏ ချင်ဆငန်ပြာရည်ကို ဝမ်ချင်းရှာက အထူး လေ့လာထုတ်လုပ်ပါ သည်။ “မြန်မာလူမျိုးက ငါးပိ အရမ်းကြိုက်တယ်။ ဟင်းချက်တဲ့အခါ ငါးပိထည့် တယ်။ ဒါပေမဲ့ ကူမင်းလူက ငါးပိ အနံ့ မခံနိုင်ဘူး၊ မစားတတ်ဘူး။ ဒါကြောင့် ကျွန်မ ကိုယ်ဟာကို ဖန်တီးတဲ့ ဟင်းက ကူမင်းလူကြိုက်တဲ့ အရသာနဲ့ ကိုက်ညီပါတယ်။” ဟု ဝမ်ချင်းရှာက ပြောဆိုခဲ့ပါသည်။

ဤအကင်ဆိုင်၏ အရောင်းကောင်းနှင့်အမျှ ဝမ်ချင်းရှာက ယောက္ခမလောင်းကို ခေါ်လာပါသည်။ သူ့ယောက္ခမ ကို မြန်မာနိုင်ငံသို့ ပို့ပြီး မြန်မာမုန့်လုပ်သည့်နည်းလမ်းကို သင်ယူခဲ့ပါသည်။ ထို့အပြင် တိုင်လူမျိုးအစားအစာ ချက်သည့် စာတော်ချက်တစ်ဦးကိုလည်း ခန့်အပ်ခဲ့ပါသည်။

ကူမင်းမြို့၌ လုပ်ငန်း ဆောင်ရွက်ရာတွင် ဝမ်ချင်းရှာက မိတ်ဆွေများများမရှိကြောင်း နှင့် ကူမင်းမြို့ မလည်ပတ်ကြောင်း ဝမ်းနည်းမိပါသည်။

“မြန်မာနိုင်ငံမှာ ကျွန်မက သူငယ်ချင်း အများကြီးရှိတယ်။ ” ၎င်းက ပြောသည်။ ဝမ်ချင်းရှာ က အကင်ဆိုင်ကို ဖွင့်လှစ်ဆောင်ရွက်မှစ၍ သူက အလုပ် အမြဲလုပ်သည်။ အားလပ်ချိန် လည်းမရှိပါ။ ဤညဈေး၏ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအချို့ က သူ့မိတ်ဆွေ ဖြစ်ပါသည်။ သူတို့က ဝမ်ချင်းရှာကို “ရှောင်မြန်တီမ်” ဟု ခေါ်ဆိုကြပါသည်။

“ညစာ စာတဲ့အချိန် ကျွန်မတို့က ဒီညဈေးကို ပတ်လည်တယ်။ သူတို့က ဟင်းကျွေးတည်။ ဆိုင် တစ်ဆိုင်ပြီး တစ်ဆိုင် ဝင်ရင် ကျွန်တို့က ပိုက်ဝပြီ။ ညစာလည်း ချက်စရာမလိုဘူး။ ” ဝမ်းချင်းရှာက ရည်ပြီး ပြောပြပါသည်။ ဤညဈေးမှာ ဆိုင် တစ်ဆိုင်၏ ဟင်းသီးဟင်းရွက်ကုန်လျှင် အခြားကို ငှားရမ်းနိုင်သည်။ ဈေးသက်သာသည့် ဟင်းသီးဟင်းရွက် ငှားပါက ပြန်ပေးရန် မလို့ကြောင်း ၎င်းက ဆက်ပြေားသည်။

ဝမ်းချင်းရှာ အတွက် ဤညဈေးမှာ မိသားစုနှင့်တူ၍ ၎င်းက ဝမ်းသာပါသည်။

ဝမ်းချင်းရှာ၏ဆိုင် နောက်ဆုံး တစ်ကြိမ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖွင့်ထားပါသည်။ ဤညဈေးရှိ လူများက သူ့အတွက် နှုတ်ဆက်ပွဲကို ကျင်းပခဲ့ပါသည်။ အားလုံးက ဝမ်းနည်းပါသည်။ အားလုံးကို မမေ့ကြောင်း၊ သူက လုပ်ငန်း အသစ်ကို ကူမင်းမြို့၌ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆိုင် အသစ်ကို ရရှိပြီးဖြစ်ကြောင်း၊ မိမိကိုယ်ကိုလည်း ကူမင်းမြို့၌ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း   ၎င်းက ပြောသည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်